32 C
Yangon

မြန်မာနိုင်ငံမှ နူကလီးယား ဓာတ်သတ္တုကုန်ကြမ်းများ ရောင်းချရန် ကြိုးစားမှုဖြင့် ဂျပန်ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ကို အမေရိကန်က အမှုထပ်တိုး တရားစွဲ

Must read

မြန်မာနိုင်ငံမှ နူကလီးယား ဓာတ်သတ္တုကုန်ကြမ်းများ ရောင်းချရန် ကြိုးစားမှုဖြင့် ဂျပန်ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ကို အမေရိကန်က အမှုထပ်တိုး တရားစွဲ

■ မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့တစ်ခုထံတွင် နူးကလီးယား ဓာတ်သတ္တုကုန်ကြမ်း တန်ချီထုတ်လုပ်နိုင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

မြန်မာနိုင်ငံမှ နူကလီးယား ဓာတ်သတ္တုကုန်ကြမ်းများ ရောင်းချရန် ကြိုးစားမှုဖြင့် ဂျပန်ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ကို အမေရိကန်က အမှုထပ်တိုး တရားစွဲလိုက်ကြောင်း CNN အပါအဝင် အမေရိကန်အခြေစိုက် သတင်းဌာနများက သတင်းဖော်ပြသည်။

၂၀၂၂ ခုနှစ်တွင် မူးယစ်ဆေးဝါးမှု နှင့် လက်နက်မှောင်ခို အမှုများဖြင့် ဖမ်းဆီးခဲ့သော ဂျပန် ယာကူဇာ ဂိုဏ်းခေါင်းဆောင် Takeshi Ebisawa သည် အီရန်ဗိုလ်ချုပ်ကြီးဟု ယူဆရသူတစ်ဦးထံသို့ မြန်မာနိုင်ငံမှ နျူကလီးယား လက်နက် အဆင့် ထုတ်လုပ်နိုင်သော ကုန်ကြမ်းဓာတ်သတ္တု ပစ္စည်းများရောင်းချရန် ကြိုးပမ်းမှုဖြင့် အမေရိကန်က စွဲချက်အသစ် တင်လိုက်ကြောင်း၊ မူလ မူးယစ် ဆေးဝါးနှင့် လက်နက်အမှုများ အပြင် နောက်ထပ် စွဲချက် အသစ်များ ဖြင့် ထပ်မံ တရားစွဲတင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

၂၀၂၀ ခုနှစ်တွင် Ebisawa က သူ့ထံတွင် နူကလီးယားဓာတ်သတ္တုကုန်ကြမ်းများ ရောင်းချရန် ရှိကြောင်း၊ ထို့ကြောင့် ယူရေနီယံ ဝယ်လိုသူရှိ ၊ မရှိ လျှို့ဝှက် အေးဂျင့် တစ်ခုကို မေးမြန်းခဲ့ကြောင်း၊ အဆိုပါ အေးဂျင့်သည် အမေရိကန်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ ဖြစ်ပြီး အယောင်ဆောင်ထားသော အေးဂျင့်တစ်ခုဖြစ်ကြောင်း သိရှိရသည်။

Ebisawa က နူကလီးယားဓာတ်သတ္တုကုန်ကြမ်းဟု ယူဆရသည့် သတ္တုတချို့နှင့် ရေဒီယိုဓာတ်သတ္တုကြွမှု တိုင်းထားသည့်စက်တွင် “ရေဒီယိုသတ္တိကြွဒြပ်စင်များ သိုရီယမ်နှင့် ယူရေနီယမ် ပါဝင်မှု” ကို တိုင်းတာပြသနေသည့် ဓာတ်ပုံကို လျှို့ဝှက် အေးဂျင့်ထံသို့ ပေးပို့ခဲ့ကြောင်း သိရှိရသည်။

အမေရိကန်လျှို့ဝှက်အေးဂျင့်က Ebisawa ကို နူကလီးယား ဓာတ်သတ္တုကုန်ကြမ်း အရောင်းအဝယ် အတွက်ကူညီပေးမည်ဟု သဘောတူပြီး အီရန်ဗိုလ်ချုပ်ကြီးအဖြစ် ဟန်ဆောင်ထားသည့် အခြားလျှို့ဝှက်သတင်းရင်းမြစ်နှင့်ထပ်မံ ချိတ်ဆက်ပေးခဲ့ကြောင်း သိရှိရသည်။

အီရန်အနေဖြင့် နူကလီးယားလက်နက် ထုတ်လုပ်ရန် လိုအပ်နေသောကြောင့် ဓာတ်သတ္တုကုန်ကြမ်းများသည် နျူကလီယားလက်နက်အဆင့်အထိ အသုံးပြုနိုင်ခြင်းရှိ၊ မရှိ အယောင်ဆောင်ထားသော လျှို့ဝှက် အေးဂျင့်က Ebisawa ကို မေးမြန်းခဲ့ကြောင်း သိရှိရသည်။

Ebisawa က နူကလီးယားလက်နက် ထုတ်လုပ်နိုင်၍ ရမည်ဟု ထင်မြင်ကြောင်း အကြောင်းပြန်ကြားခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်က ယူရေနီယံအပါအဝင် နူကလီးယားဓာတ်သတ္တုကုန်ကြမ်းများကို Ebisawa မှတစ်ဆင့် အီရန်သို့ ရောင်းချလိုပြီး ရရှိသော ငွေကြေးဖြင့် လက်နက်ခဲယမ်းများ အများအပြား ဝယ်ယူလိုသည်ဟု ၂၀၂၁ ခုနှစ်တွင် လျှို့ဝှက်အေးဂျင့်သို့ Ebisawa က ပြောဆိုခဲ့ကြောင်း သိရှိရသည်။

မှတ်တမ်းတင်ထားသော ဗီဒီယိုခေါ်ဆိုမှု ဆွေးနွေးပွဲတွင် မြန်မာ လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်၏ ကိုယ်စားလှယ် ပွဲစားများက နျူကလီယားကုန်ကြမ်း ကီလိုဂရမ် ထောင်ပေါင်းများစွာ၎င်း တို့တွင် ရှိကြောင်း၊ ၎င်းတို့နယ်မြေတွင် “နျူကလီးယား ဓာတ်သတ္တု ကုန်ကြမ်း ၅ တန်အထိ ထုတ်လုပ်နိုင်ကြောင်းထုတ်ဖော်ပြောဆိုထားသည်။

အမေရိကန် လျှို့ဝှက်အေးဂျင့်သည် မြန်မာပြည်မှ လက်နက်ကိုင်ခေါင်း ဆောင်၊ ပွဲစားများနှင့်အတူ ဆွေးနွေးရင်း အီရန်မှ လက်နက်များနှင့် ယူရေနီယံ များ လဲလှယ်ကြရန်သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ်တွင် ထိုင်းအာဏာပိုင်များက အမေရိကန်လျှို့ဝှက် အေးဂျင့်ထံသို့ Ebisawa က ဓာတ်ပုံ ပေးပို့ ပြသခဲ့သည့် နျူကလီးယားကုန်ကြမ်းနမူနာများကို ဖမ်းဆီးရရှိခဲ့ပြီး အမေရိကန်အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ နူကလီးကုန်ကြမ်းနမူနာများကို စစ်ဆေးရာ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်သည်အထိ အဆင့်ရှိသည့် ယူရေနီယမ်၊ သိုရီယမ် နှင့် ပလူတိုနီ ယမ် ပါဝင်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရသည်။

“အလုံအလောက် ပမာဏနဲ့ ထုတ်လုပ်ရင် ကုန်ကြမ်းမှာ တွေ့ရတဲ့ ပလူတိုနီ ယမ် တွေဟာ နူကလီးယားလက်နက်မှာ အသုံးပြုလို့ရတယ်” ဟု တရားစွဲဆိုချက်တွင် ရေးသားထားသည်။

ဓာတ်ပုံ- ဂျပန် ယာကူဇာ ဂိုဏ်းခေါင်းဆောင် Takeshi Ebisawa နှင့် မြန်မာနိုင်ငံမှ နူကလီးယားဓာတ်သတ္တုကုန်ကြမ်း နမူနာတချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article