35 C
Yangon

ဟိုပုံးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား၊ ပြည်သူ့စစ် ၄ ဦးသေဆုံးပြီး ၆၀ မမ ၁ လက် အပါအဝင် လက်နက် ၅ လက်၊ ကားတစ်စီးနှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ဟိုပုံးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား၊ ပြည်သူ့စစ် ၄ ဦးသေဆုံးပြီး ၆၀ မမ ၁ လက် အပါအဝင် လက်နက် ၅ လက်၊ ကားတစ်စီးနှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်၊ ဟိုးပုံးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ပြည်သူ့စစ် ၄ ဦးသေဆုံးကာ ၆၀ မမ ၁ လက်အပါအဝင် လက်နက် ၅ လက်၊ ကားတစ်စီးနှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဟိုပုံးမြိုနယ် အရှေ့ဘက်ခြမ်းတနေရာတွင် စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ် ပူးတွဲအဖွဲ့သည် ပအိုဝ်းဒေသလုံခြုံရေးဆိုင်ရာလှုပ်ရှားနေသည့် ပအိုဝ်း အမျိုး သား လွတ်မြောက်ရေးတပ်မတော်(PNLA) စစ်ကြောင်းကို လာရောက်တိုက်ခိုက်သဖြင့် တိုက် ပွဲ ဖြစ်ပွားခဲ့ပြီး ယင်းနေရာအား နယ်မြေရှင်းလင်းမှု ပြုလုပ်ခဲ့ရာ စစ်ကောင်စီနှင့်ပြည်သူ့စစ်အလောင်း ၄ လောင်း၊ လက်နက်ငယ် ၄ လက်၊ ၆၀ မမ လက်နက်ကြီး ၁ လက်၊ ကား ၁ စီး နှင့် ခဲယမ်း ကျည်ဆံ များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထိုအပြင် အကြမ်းဖက်စစ်ကောင်စီတပ်ကထမ်းဆန်းဂူဒေသကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် ပြီးနောက် ထမ်းဆန်းဂူဒေသတွင် လက်နက်ကြီးများအထိုင်ချကာ မဲနယ်တောင်ဒေသဘက်ရှိ ခရီး သွား ပြည်သူများ၏ ကားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုကြောင့် ဒေသနေ ပြည်သူလူထုများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိုးအိမ်စည်းစိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်သည် အလွန်ရိုးသားငြိမ်းချမ်းစွာ နေထိုင်တတ်သည့် ပအိုဝ်းလူမျိုးများ အထွဋ် အမြတ်ထားသည့် ဘာသာရေးဆိုင်ရာ မြင့်မြတ်သော နေရာများကို အကာအကွယ်ယူခြင်း၊ တိုက်ခိုက် ဖျက်ဆီးခြင်းများ ပြုလုပ်ကာ ဘာသာရေးလွတ်လပ်ခွင့်ကို ထိပါးဖျက်ဆီးနေကြောင်း PNLA သတင်း နှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

စစ်အာဏာရှင်စနစ်ကို ပြည်သူလူထုတရပ်လုံးက ဝိုင်းဝန်း တိုက်ဖျက်နေသည့်အချိန်တွင် စစ်ကောင် စီ လက်အောက်ခံ ပြည်သူ့စစ်များအနေဖြင့် စစ်အာဏာရှင်ကို ကာကွယ်ပေးနေရသည့် မိမိတို့၏ လုပ် ရပ်ကို ဦးနှောက်ကြီးကြီးဖြင့် သေချာသုံးသပ်စဉ်းစားပြီး စစ်အာဏာရှင်စနစ်လက်အောက်မှရုန်းထွက် ကြရန်နှင့် နီးစပ်ရာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)တပ်ဖွဲများထံသို့ ဆက် သွယ်ကာ လက်နက်နှင့်တကွ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းကြရန် PNLA က တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article