25 C
Yangon

စစ်ကိုင်းမြို့နယ်တွင် မိုင်းရှင်းရန် လာသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရဲစခန်းကို ဒရုန်းဖြင့် ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်

Must read

စစ်ကိုင်းမြို့နယ်တွင် မိုင်းရှင်းရန် လာသည့် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရဲစခန်းကို ဒရုန်းဖြင့် ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မိုင်းရှင်းရန် လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း Phoenix-Sagaing အဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ မာလဲတောပျူစောထီးရွာအနီးတွင် မိုင်းရှင်းရန်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ ၁ ဦး သေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရဲစခန်းကို ဒရုန်းဖြင့် ၃ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း မြနန္ဒာစစ်ဆင်ရေးအဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၁၀ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး တစ်ကြိမ်၊ ညနေ ၄ နာရီခွဲတွင် ဒရုန်းဖြင့် ဗုံးသီး ၂ ကြိမ် ကျဲချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြနန္ဒာ Drone Force (မန္တလေး) နှင့်အတူ Unicorn Guerrilla Force ၊ Urban Guerrilla Force (MDY)၊ Royal Falcon ၊ ပြင်ဦးလွင်ခရိုင် ထုတ်လုပ်ရေး နှင့် နယ်ခံပကဖ မဟာမိတ်များမှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article