25 C
Yangon

မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းကို ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး ၊ မြင်းခြံ-တောင်သာ လမ်းပေါ်တွင် အုပ်ချုပ်ရေးမှူးတစ်ဦး အပါအဝင် ပျူစောထီး ၆ ဦးကို အရှင်ဖမ်းဆီးရရှိ

Must read

မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းကို ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး ၊ မြင်းခြံ-တောင်သာ လမ်းပေါ်တွင် အုပ်ချုပ်ရေးမှူးတစ်ဦး အပါအဝင် ပျူစောထီး ၆ ဦးကို အရှင်ဖမ်းဆီးရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ် ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၁ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၈ ရက် နေ့ မြင်းခြံမြို့နယ် ကုက္ကဲ စခန်းကို ဒရုန်းဖြင့် ဝေဟင်မှ ဗုံးသီး ၁၀ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိ ရသည်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း ၁ ၊ မြင်းခြံ ရွှေခြံ ပျောက်ကျားတပ်ဖွဲ့ ၊ မြင်းခြံ ဒေါင်းမင်း တမံ ပျောက် ကျား တပ်ဖွဲ့၊ မြင်းခြံ ဒေါင်းနီ ပျောက်ကျားတပ်ဖွဲ့ ၊ မြင်းခြံ နဂါနီ ပျောက်ကျား တပ်ဖွဲ့၊ MDY မန္တလေးတပ်ရင်း ၃၊ မြင်းခြံ ဗိုလ်စား ပျောက်ကျား တပ်ဖွဲ့၊ မြင်းခြံ ပ.က.ဖ၊ Tiger Brother နှင့် မြစ်သား PDF တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်းမ၊ မြင်းခြံမြို့နယ်၊ မြင်းခြံ -တောင်သာလမ်းပေါ်တွင် အုပ်ချုပ်ရေး မှူး တစ်ဦး အပါအဝင် ပျူစောထီး အဖွဲ့ ဝင် ၆ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၁ မှတာဝန်ရှိသူ တစ် ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ အတွင်း ပျူစေားထီအဖွဲ့ဝင်များ သင်တန်းများသို့

သွားလာ လှုပ်ရှားနေကြောင်းသတင်းအရ မြင်းခြံ – တောင်သာလမ်းပိုင်းကို ရှောင်တခင် စစ်ဆေးရာ ပိုက်တဲကုန်းရွာမှ ပျူစောထီး အဖွဲ့ဝင် အုပ်ချူပ်ရေးမှူး မိုးစန်း အပါအဝင် ကျော်လှိုင် ၊ သန်းကျော်၊ ဗိုလ်ကို ၊ သန်းလင်းနိုင် ၊ မျိုးသန်းဝင်း(ခ) မွှေးနီတို့ကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

“မြင်းခြံ – တောင်သာလမ်းမပေါ်မှာ ဖမ်းမိခဲ့တာ၊ အုပ်ချုပ်ရေးမှူး ပျူအဖွဲ့ဝင်က မိုးစန်းပါ။ သတင်းရ လို့စစ်ဆေးရင်း ဖမ်းမိတာပါ” ဟု မြင်းခြံခရိုင်တပ်ရင်း ၁ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ ဖမ်းဆီးမှုကို မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း ၊ မလှိုင် ပ က ဖ နှင့် စွန်ရဲ ပြောက်ကြားတပ်ဖွဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article