25 C
Yangon

ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီ တပ်သားများ အစည်းအဝေးလုပ်ရာ အထက ၂ ကျောင်း အပါအဝင် နေရာ ၃ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦး ပြင်းထန် ဒဏ်ရာရ

Must read

ရေဦးမြို့ပေါ်ရှိ စစ်ကောင်စီ တပ်သားများ အစည်းအဝေးလုပ်ရာ အထက ၂ ကျောင်း အပါအဝင် နေရာ ၃ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦး ပြင်းထန် ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေဦးမြို့ပေါ်ရှိ အကြမ်းဖက်စစ်သားများအစည်းအဝေး လုပ်ရာ အထက ၂ ကျောင်းအပါအဝင် နေရာ ၃ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးအပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၄ ရေဦး PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်‌ ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၁၀ နာရီခန့်က အထက ၂ ကျောင်းရှေ့ရှိ ကင်းစောင့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဗုံးသီး ၁ လုံး၊ အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ဗိုလ်များ နှင့် ရပ်ကွက်အုပ် ချုပ်ရေးမှူးများ၊ Non CDM များ စုဝေးနေသည့် နေရာသို့ ဗုံးသီး ၁ လုံး၊ မွန်းတည့် ၁၂ နာရီ မိနစ် ၃၀ အချိန်တွင် ရေဦးမြို့ ဒိုင်းကွင်းနေရာ၌ အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် အပေါင်းပါများ အစည်းအဝေးလုပ်နေစဉ် ဗုံးသီး ၁ လုံးတို့ Fixed Wing Drone များဖြင့် ကျဲချတိုက် ခိုက်ခဲ့ကြောင်း သိရသည်။

“ရေဦးဒိုင်ကွင်းဆိုတာ ဆန်စက်ကွင်းဟောင်းပါ၊ စစ်ခွေးတွေ တပ်စွဲထားတဲ့ နေရာတစ်ခုပဲ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေရယ်၊ စစ်ခွေးတွေရယ် အထက ၂ ထဲမှာ အစည်းအဝေးလုပ်ဖို့ရှိတာ၊ အဲဒီမှာ Non CDM တွေနဲ့ စစ်ကောင်စီထောက်တိုင်တွေ အထက ၂ ကျောင်းရှေ့မှာ ရုတ်ရုတ်လုပ်နေတဲ့နေရာမှာ တစ်ခါချတယ်၊ ပြီးတော့ ဒိုင်ကွင်းထဲကို တစ်ခါချတယ်၊ ၃ ဦးအပြင်းအထန် ဒဏ်ရာရတယ်၊ သေတာ တော့ မကြားသေးဘူး” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၄ ရေဦး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း ၁၄ ရေဦး PDF တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက် စစ်ကောင်စီတပ်သားများမှ လက်နက်ငယ်များဖြင့်ရမ်းသန်းပစ်ခတ်သော်လည်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဘေးကင်းလုံခြုံစွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article