25 C
Yangon

ဘုတ်ပြင်းမြို့နယ်တွင် အမှတ် ၃၀၈ အမြောက်တပ်က တောင်သူ ၅၀ ဦးကျော်၏ ကွမ်းသီးခြံ မြေဧက ၆၀၀ နီးပါးကို အတင်းအဓမ္မ သိမ်းယူ

Must read

ဘုတ်ပြင်းမြို့နယ်တွင် အမှတ် ၃၀၈ အမြောက်တပ်က တောင်သူ ၅၀ ဦးကျော်၏ ကွမ်းသီးခြံ မြေဧက ၆၀၀ နီးပါးကို အတင်းအဓမ္မ သိမ်းယူ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင် အမှတ် ၃၀၈ အမြောက်တပ်က တောင်သူ ၅၀ ဦးကျော်၏ ကွမ်းသီးခြံ မြေဧက ၆၀၀ နီးပါးကို အတင်းအဓမ္မ သိမ်းယူလိုက်ကြောင်း မြေသိမ်းခံရသည့် တောင်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်းတွင်စစ်တပ်က တောင်သူ ၅၀ ကျော်ကို ခေါ်ယူပြီး လက်ရှိ တောင်သူများ စိုက်ပျိုးနေသော မြေများသည် တပ်ပိုင်မြေဖြစ်သည်ဟုဆိုကာ သိမ်းဆည်းလိုက်ခြင်းဖြစ်ကြောင်း၊ အဆိုပါမြေများကို ၂၀၀၀ ခုနှစ်တွင် တောင်သူများက တောမြေကို ရှင်းလင်း၍ ကွမ်းသီးခြံများ လုပ်ကိုင်လာခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် စစ်တပ်က သိမ်းယူလိုက်ပြီဖြစ်၍ မည်သူ့ကိုမှ ဝင်ခွင့်မပေးတော့ ကြောင်း သိရှိရသည်။

“သက္ကရာဇ် ၂၀၀၀ လောက်တုန်းက အဲဒီနေရာက တောကြီးတောင်ကြီးဖြစ်နေတာကို တောင်သူတွေက ခုတ်ထွင် ရှင်းလင်းပြီး နှစ်ပေါင်း ၂၀ ကျော်လောက် စိုက်ပျိုးလာတာ။ အဲဒါကို အခုမှ တပ်ပိုင်မြေဆိုပြီး ခေါ်ပြောတယ်။ မြေသိမ်းတာဆက်လက်ဆောင်ရွက်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်တပ်က မြေများကို သိမ်းယူရာတွင် မည်သည့် လျှော်ကြေးမှ မပေးဘဲ တပ်ပိုင်မြေကို ကျူးကျော်ခြင်းမပြုရန် သတိပေးကြောင်း၊ မည်သည့်အချိန်တွင် ယင်းမြေများကို တပ်က ပိုင်ဆိုင်သွားသနည်းဟု တောင်သူများက မေးခွန်းထုတ်ကြကြောင်း သိရှိရသည်။

” တပ်ဘက်ကပြောတာတော့ ဒီမြေတွေဟာ ၂၀၀၄ခု နှစ်ကတည်းကတပ်ပိုင်မြေဖြစ်တယ်လို့ပြောပါတယ်၊ ၂၀၀၄ ခုနှစ်ကနေ ၂၀၂၄ခု နှစ်အထိနှစ်ပေါင်း ၂၀ ကျော်အတွင်း တပ်ဘက်ကဘာမှမလုပ်ဘဲ ပြည်သူတွေက တောကြီးကို ဖယ်ရှား ခုတ်ထွင် ရှင်းလင်းပြီးမှ တပ်ပိုင်မြေဆိုပြီးဖယ်ရှားခိုင်းဖို့လုပ်တာကတော့ ငွေကြေး၊ အချိန်၊ လုပ်အားအများကြီးရင်းနှီးမြှုပ်နှံထားရတဲ့တောင်သူတွေအတွက် အရမ်းနစ်နာဆုံးရှုံးရပါတယ်။ ဘာမှလည်း လျှော်ကြေးမရဘဲ အသိမ်းခံလိုက်ရတာ” ဟု ဒေသတောင်သူတစ်ဦးကရှင်းပြသည်။

လက်ရှိတွင် စစ်ကောင်စီက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ နိုင်ငံတစ်ဝန်းတွင် အတင်းအဓမ္မမြေသိမ်းမှုများ တိုးမြှင့်လုပ်ဆောင်လာကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article