ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရှမ်းပြည်နယ်တောင်ပိုင်းမှာ တိုက်ပွဲတွေ ကျယ်ပြန့်လာတဲ့အတွက် ဟိုပုံးမြို့က အကြမ်းဖက် စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ် အရာရှိတွေရဲ့ မိသားစုတွေ စတင်ထွက်ပြေး တိမ်း ရှောင်နေကြပြီး ၊ ဟိုပုံးမြို့က စစ်စခန်းတစ်ခုကိုလည်း PNLA တပ်က သိမ်းပိုက်လိုက်ပြီလို့ ဟိုပုံးမြို့ခံ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ အမှတ် ၂ ပင်မဆက်သွယ်ရေး တပ်ရင်းက ဗိုလ်မှူး- ဘစိုင်း ဆိုသူ ပုဂံသွားဖို့ ဘူတာလာတဲ့အချိန် တော်လှန်ရေးတပ်တွေက ပစ်ခတ် ရှင်း လင်းရာမှာ နေရာမှာတင် ပွဲချင်းပြီးကို သေသွားတယ်လို့ နတ်မောက်မြို့နယ် တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ် ကို ပြောပါတယ်။
- ရှမ်းပြည်နယ်တောင်ပိုင်းက ကလောမြို့နယ်မှာ အကြမ်းဖက် စစ်တပ်ရဲ့ တပ်မ ၅၅ က တောင်သူ လယ်သမားတွေ ပိုင်တဲ့ မြေဧက ၃၀ ကျော်ကို အတင်းအဓမ္မ သိမ်းယူလိုက်ပြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး အမည်နဲ့ ခြံခတ်သွားတယ်လို့ မြေသိမ်းခံရတဲ့ တောင်သူတွေက ပြောဆိုတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
