25 C
Yangon

သရက်ချောင်းမြို့နယ်၊ ဝင်းဝကျေးရွာရှိ စစ်တပ်စခန်းကုန်းကို ဒရုန်းဖြင့် ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်

Must read

သရက်ချောင်းမြို့နယ်၊ ဝင်းဝကျေးရွာရှိ စစ်တပ်စခန်းကုန်းကို ဒရုန်းဖြင့် ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဝင်းဝကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ဒရုန်းဖြင့် ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း လက်ရုံးတပ် T5 -Wings မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် သရက်ချောင်းမြို့နယ်၊ ဝင်းဝကျေးရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကုန်းကို ဒရုန်းဖြင့် ဗုံးသီး ၁၁ လုံး၊ ဖေဖော်ဝါရီလ ၂၁ ရက် နံနက် ၈ နာရီ မိနစ် ၃၀ အ ချိန်တွင် ဗုံးသီး ၁၁ လုံး၊ ညနေ ၃ နာရီ မိနစ် ၃၀ အချိန်တွင် ဗုံးသီး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ပြီး စစ် ကောင်စီတပ်သား ထိခိုက်သေဆုံးဒဏ်ရာရရှိမှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း လက်ရုံး တပ် T5-Wings ၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF)၊ ဖယ်ဒရယ် စစ်ကြောင်း (KNLA+ T5) ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း အကြမ်းဖက်စစ်တပ်စခန်းသည် အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမူဌာနချုပ် လက်အောက်ခံ ခမရ ၄၀၄၊ ခမရ ၄၀၇ နှင့် ဘားအံမြို့ အခြေစိုက် အမှတ် ၂၂ ရဲတပ်ရင်းမှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းတပ်စွဲ ထားပြီး စခန်းကုန်းပတ်ဝန်းကျင်ရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် အမြဲတမ်းပစ်ခတ်နေ သည့်အပြင် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်သို့ သွားလာနေသော ခရီးသွားပြည်သူများ ကို လည်း ဆက်ကြေးကောက်ခံမှုများပြုလုပ်လျက်ရှိသည့် စခန်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article