25 C
Yangon

ဂျပန်ယာကူဇာဂိုဏ်းခေါင်းဆောင်မှတစ်ဆင့် အီရန်သို့ နူကလီးယားဓာတ်သတ္တုကုန် ကြမ်း ရောင်းချရန် ကြိုးစားဟု အမေရိကန်တရားရေးဌာန၏ ထုတ်ပြန်ချက် RCSS ဥက္ကဋ္ဌ ယွက်ဆစ် ငြင်းဆို

Must read

ဂျပန်ယာကူဇာဂိုဏ်းခေါင်းဆောင်မှတစ်ဆင့် အီရန်သို့ နူကလီးယားဓာတ်သတ္တုကုန် ကြမ်း ရောင်းချရန် ကြိုးစားဟု အမေရိကန်တရားရေးဌာန၏ ထုတ်ပြန်ချက် RCSS ဥက္ကဋ္ဌ ယွက်ဆစ် ငြင်းဆို

■ နိုင်ငံခြားသားတစ်ဦးက ဆက်သွယ်ဖူးပြီး ယူရေနီယံအကြောင်းပင် မသိဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ဂျပန်ယာကူဇာဂိုဏ်းခေါင်းဆောင်မှတစ်ဆင့် နူကလီးယားဓာတ်သတ္တုကုန် ကြမ်း ရောင်းချရန် ကြိုးစားသည်ဟု ဆိုသော အမေရိကန်တရားရေးဌာန၏ ထုတ်ပြန်ချက် RCSS ဥက္ကဋ္ဌ ယွက်ဆစ်က ငြင်းဆိုကြောင်း ယနေ့ ရှမ်း Tai Freedom သတင်းဖော်ပြသည်။

RCSS ဥက္ကဋ္ဌ ယွက်ဆစ်အနေဖြင့် ယူရေနီယံ အကြောင်းကိုပင် စိုးစဉ်းမျှ သိနားလည်ခြင်းမရှိကြောင်း၊ နိုင်ငံခြားသားတစ်ဦးက ယူရေနီယံဓာတ်သတ္တုဝယ်ယူလိုသည်ဟု ဆက်သွယ်ဖူးကြောင်း အဆိုပါသတင်းက ဆိုသည်။

“ယခုရက်ပိုင်းအတွင်း online media များတွင်ဖေါ်ပြထုတ်လွှင့်လျှက်ရှိသော အမေရိကန်တရားစီရင်ရေးစွဲချက်ခေါင်းစီးအောက်မှ ယူရေနီယံရောင်းဝယ်ရေးသတင်းနှင့်ပတ်သက်၍မေးမြန်းရာတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌကြီးစဝ်ယွက်စစ်က လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က သျှမ်းပြည်အတွင်း၌ ယူရေနီယံဓါတ်သတ္တုထွက်သည်ဟုသတင်းရသဖြင့် အဆိုပါဓါတ်သတ္တုများဝယ်ယူလိုကြောင်း နိုင်ငံခြားသားတဦးဦးကပြောဆိုလာခဲ့ဖူးကြောင်း၊ သို့ရာတွင် မိမိအနေဖြင့် မည်သည့်နေရာဒေသတွင် အဆိုပါယူရေနီယံများထွက်သည်ကို တကြိမ်တခါမျှမကြားသိရဖူးကြောင်း၊ ယူရေနီယံအကြာင်းကိုပင်စိုးစဥ်းမျှ သိနားလည်ခြင်းမရှိသဖြင့် လေ့လာကြည့်ပါဦးမည်ဟူ၍သာပြန်ကြားခဲ့ဖူးကြောင်း၊ မည်သည့်အရောင်းအဝယ်ကိစ္စကို မည်သူနှင့်မျှ တုန့်ပြန်ဆွေးနွေးမှုမပြုခဲ့ဖူးကြောင်း၊ အဆိုပါစွပ်စွဲချက်များမှာ ရှေးယခင်ကနည်းတူ မိမိအားမူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့်မည်သို့ပတ်သက်သည်ဟု တဖက်သတ်စွပ်စွဲခဲ့ဖူးသော အရင်းအမြစ်မရှိသည့် discredit လုပ်ရပ်တခုသာဖြစ်ကြောင်း” ဟု Tai Freedom သတင်းတွင် ဖော်ပြထားသည်။

ဂျပန်ရာဇဝတ်ဂိုဏ်းခေါင်းဆောင်မှတစ်ဆင့် အီရန်နိုင်ငံထံသို့ မြန်မာပြည်ထွက် နူကလီးယားဓာတ်သတ္တုကုန် ကြမ်းများ ရောင်းချရန် ကြိုးစားခဲ့သူမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဖြစ်ကြောင်း အမေရိကန်တရားရေးဌာန၏ စွဲချက်ဆိုင်ရာ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

RCSS ဥက္ကဋ္ဌ အဓိက ပါဝင်ပတ်သက်နေသည့် မြန်မာနိုင်ငံမှ နူကလီးယား ဓာတ်သတ္တုကုန်ကြမ်းများ အီရန်နိုင်ငံသို့ ရောင်းချရန် ကြိုးစားမှုဖြင့် ဂျပန်ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ကို အမေရိကန်က အမှုထပ်တိုး တရားစွဲလိုက်ကြောင်း CNN အပါအဝင် အမေရိကန်အခြေစိုက် သတင်းဌာနများက သတင်းဖော်ပြခဲ့သည်။

၂၀၂၂ ခုနှစ်တွင် မူးယစ်ဆေးဝါးမှု နှင့် လက်နက်မှောင်ခို အမှုများဖြင့် ဖမ်းဆီးခဲ့သော ဂျပန် ယာကူဇာ ဂိုဏ်းခေါင်းဆောင် Takeshi Ebisawa သည် အီရန်ဗိုလ်ချုပ်ကြီးဟု ယူဆရသူတစ်ဦးထံသို့ မြန်မာနိုင်ငံမှ နျူကလီးယား လက်နက် အဆင့် ထုတ်လုပ်နိုင်သော ကုန်ကြမ်းဓာတ်သတ္တု ပစ္စည်းများရောင်းချရန် ကြိုးပမ်းမှုဖြင့် အမေရိကန်က စွဲချက်အသစ် တင်လိုက်ကြောင်း၊ မူလ မူးယစ် ဆေးဝါးနှင့် လက်နက်အမှုများ အပြင် နောက်ထပ် စွဲချက် အသစ်များ ဖြင့် ထပ်မံ တရားစွဲတင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

၂၀၂၀ ခုနှစ်တွင် Ebisawa က သူ့ထံတွင် နူကလီးယားဓာတ်သတ္တုကုန်ကြမ်းများ ရောင်းချရန် ရှိကြောင်း၊ ထို့ကြောင့် ယူရေနီယံ ဝယ်လိုသူရှိ ၊ မရှိ လျှို့ဝှက် အေးဂျင့် တစ်ခုကို မေးမြန်းခဲ့ကြောင်း၊ အဆိုပါ အေးဂျင့်သည် အမေရိကန်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှ ဖြစ်ပြီး အယောင်ဆောင်ထားသော အေးဂျင့်တစ်ခုဖြစ်ကြောင်း သိရှိရသည်။

Ebisawa က နူကလီးယားဓာတ်သတ္တုကုန်ကြမ်းဟု ယူဆရသည့် သတ္တုတချို့နှင့် ရေဒီယိုဓာတ်သတ္တုကြွမှု တိုင်းထားသည့်စက်တွင် “ရေဒီယိုသတ္တိကြွဒြပ်စင်များ သိုရီယမ်နှင့် ယူရေနီယမ် ပါဝင်မှု” ကို တိုင်းတာပြသနေသည့် ဓာတ်ပုံကို လျှို့ဝှက် အေးဂျင့်ထံသို့ ပေးပို့ခဲ့ကြောင်း သိရှိရသည်။

အမေရိကန်လျှို့ဝှက်အေးဂျင့်က Ebisawa ကို နူကလီးယား ဓာတ်သတ္တုကုန်ကြမ်း အရောင်းအဝယ် အတွက်ကူညီပေးမည်ဟု သဘောတူပြီး အီရန်ဗိုလ်ချုပ်ကြီးအဖြစ် ဟန်ဆောင်ထားသည့် အခြားလျှို့ဝှက်သတင်းရင်းမြစ်နှင့်ထပ်မံ ချိတ်ဆက်ပေးခဲ့ကြောင်း သိရှိရသည်။

အီရန်အနေဖြင့် နူကလီးယားလက်နက် ထုတ်လုပ်ရန် လိုအပ်နေသောကြောင့် ဓာတ်သတ္တုကုန်ကြမ်းများသည် နျူကလီယားလက်နက်အဆင့်အထိ အသုံးပြုနိုင်ခြင်းရှိ၊ မရှိ အယောင်ဆောင်ထားသော လျှို့ဝှက် အေးဂျင့်က Ebisawa ကို မေးမြန်းခဲ့ကြောင်း သိရှိရသည်။

Ebisawa က နူကလီးယားလက်နက် ထုတ်လုပ်နိုင်မည်ဟု ထင်မြင်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်က ယူရေနီယံအပါအဝင် နူကလီးယားဓာတ်သတ္တုကုန်ကြမ်းများကို Ebisawa မှတစ်ဆင့် အီရန်သို့ ရောင်းချလိုပြီး ရရှိသော ငွေကြေးဖြင့် လက်နက်ခဲယမ်းများ အများအပြား ဝယ်ယူလိုသည်ဟု ၂၀၂၁ ခုနှစ်တွင် လျှို့ဝှက်အေးဂျင့်သို့ Ebisawa က ပြောဆိုခဲ့ကြောင်း သိရှိရသည်။

မှတ်တမ်းတင်ထားသော ဗီဒီယိုခေါ်ဆိုမှု ဆွေးနွေးပွဲတွင် မြန်မာ လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်၏ ကိုယ်စားလှယ် ပွဲစားများက နျူကလီ

ယားကုန်ကြမ်း ကီလိုဂရမ် ထောင်ပေါင်းများစွာ၎င်း တို့တွင် ရှိကြောင်း၊ ၎င်းတို့နယ်မြေတွင် “နျူကလီးယား ဓာတ်သတ္တု ကုန်ကြမ်း ၅ တန်အထိ ထုတ်လုပ်နိုင်ကြောင်းထုတ်ဖော်ပြောဆိုထားသည်။

အမေရိကန် လျှို့ဝှက်အေးဂျင့်သည် မြန်မာပြည်မှ လက်နက်ကိုင်ခေါင်း ဆောင်၊ ပွဲစားများနှင့်အတူ ဆွေးနွေးရင်း အီရန်မှ လက်နက်များနှင့် ယူရေနီယံ များ လဲလှယ်ကြရန်သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ်တွင် ထိုင်းအာဏာပိုင်များက အမေရိကန်လျှို့ဝှက် အေးဂျင့်ထံသို့ Ebisawa က ဓာတ်ပုံ ပေးပို့ ပြသခဲ့သည့် နျူကလီးယား

ကုန်ကြမ်းနမူနာများကို ဖမ်းဆီးရရှိခဲ့ပြီး အမေရိကန်အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ နူကလီးကုန်ကြမ်းနမူနာများကို စစ်ဆေးရာ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်သည်အထိ အဆင့်ရှိသည့် ယူရေနီယမ်၊ သိုရီယမ် နှင့် ပလူတိုနီ ယမ် ပါဝင်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရသည်။

“အလုံအလောက် ပမာဏနဲ့ ထုတ်လုပ်ရင် ကုန်ကြမ်းမှာ တွေ့ရတဲ့ ပလူတိုနီ ယမ် တွေဟာ နူကလီးယားလက်နက်မှာ အသုံးပြုလို့ရတယ်” ဟု တရားစွဲဆိုချက်တွင် ရေးသားဖော်ပြခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article