မုံရွာမြို့နယ်၊ တောပုပျူစောထီးကျေးရွာသို့ ရိက္ခာပို့လာသော စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သားနှင့်ပျူစောထီး ၃ ဦး သေဆုံး
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူစောထီးကျေးရွာသို့ ရိက္ခာပို့လာသော အကြမ်းဖက်စစ် ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း ၄ Chindwin Attack Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၃၀ အချိန်ခန့်က မုံရွာမြို့မှ တောပုပျူစောထီး ကျေးရွာသို့ ဆိုင်ကယ် ၁၁ စီးဖြင့် ရိက္ခာပို့လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပြောက် ကျားစနစ်ဖြင့် အလစ်အငိုက် ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး စစ် ကောင်စီတပ်သားများဝတ်ဆင်သည့် ယူနီဖောင်း ၁ ထည်၊ ကာဘိုင်ကျည် ၁၀ တောင့်၊ဆိုင်ကယ် ၂ စီး နှင့် ရိက္ခာများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ် ၁၁ စီးနဲ့ ရိက္ခာလာပို့တာဗျ၊ အရပ်ဝတ်တွေနဲ့ပဲ၊ စစ်ခွေးရော၊ ပျူရော ရောပြီးလာတာ” မုံရွာခရိုင်တပ်ရင်း ၄ Chindwin Attack Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၄ ၊ မုံရွာခရိုင်ပြည်သူ့ ကာကွယ် ရေးတပ်မတော်တပ်ရင်း ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) ၊ Monywa Special ဒိတ်ဒိတ်ကြဲ ၊ Special Forces 11 PDF ၊ မုံရွာခရိုင်တပ်ရင်း ၇ နှင့် ဒေသခံအဖွဲ့အစည်း များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။