32 C
Yangon

လောင်းလုံးမြို့နယ်၊ မောင်းမကန် နယ်မြေရဲစခန်းကို LLPDF တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်မှု အဆောက်အဦးများ ထိခိုက်ပျက်စီး

Must read

လောင်းလုံးမြို့နယ်၊ မောင်းမကန် နယ်မြေရဲစခန်းကို LLPDF တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်မှု အဆောက်အဦးများ ထိခိုက်ပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန် နယ်မြေရဲစခန်းကို LLPDF တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ရာ အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များက အကြမ်းဖက် စစ်ကောင်စီတပ်သားများ တပ်စွဲထားရ‌ လောင်းလုံးမြို့နယ် မောင်းမကန် နယ်မြေရဲစခန်းကို သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေး တပ်ဖွဲ့များ ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မောင်းမကန်နယ်မြေရဲစခန်းအတွင်းရှိ စခန်းမှူး အဆောင် ထိမှန်ပျက်စီးကာ စခန်းမှူး အဆောင်နှင့် ကပ်လျှက် အဆောင်ပါ ပျက်စီးသွားကြောင်း၊ ရဲစခန်းအတွင်းမှ အော်သံများလည်း ထွက်ပေါ်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

ထိတွေ့တိုက်ပွဲ ဖြစ်ပွားစဉ်အတွင်း အနောက်ဖက် ပင်လယ်ပြင်ရှိ အကြမ်းဖက် စစ်တပ်၏ သင်္ဘောပေါ်မှ လက်နက်ကြီး ၃ လုံးပစ်ကူပေးခဲ့ပြီး ၁ လုံးမှာ ကံယုံရိပ်သာ ကျောင်းတိုက်အတွင်းသို့ ကျရောက်ခဲ့ကာ ၎င်းရိပ်သာကျောင်းရှိ အဆောင်တစ်ဆောင် ထိမှန်ပျက်စီးခဲ့ပြီး အပြန်လှန် ပစ်ခတ်မှု မိနစ် ၃၀ နီးပါးခန့်ဖြစ်ပွားခဲ့ကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“စစ်ခွေး သေဆုံးမှု စာရင်းက အခုထိတော့ စုံစမ်းနေတုန်းပဲ တိုက်ခိုက်မှုခံရပြီး နောက် ၁ ရက်မှာပဲ စခ ၄၀ အင်အားထပ်ဖြည့်ထားပါတယ်။ တိုက်ပွဲဖြစ်တဲ့ ညကတော့ အော်သံတွေတော့ ကြားရတယ်။ သေဆုံးထိခိုက်မှုကိုတော့ စုံစမ်းနေတုန်း ဒီနေ့ နေ့လည်မှာလည်း လက်နက်ကြီးပစ်ကူပေးခဲ့တဲ့ ရေတပ်စစ်သေင်္ဘာက ပင်လယ်ထဲ ငါးဖမ်းလှေတွေကို တားပြီး စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဇုန် ၁ ရွှေသောင်ယံတပ်စုမှ သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ စစ်ရေးသတိရှိစွာဖြင့် နေထိုင်သွားလာကြရန် ထပ်ဆင့်အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article