24.9 C
Yangon

စစ်ကောင်စီက ပြည်သူ့စစ်ဗျူူဟာနှင့် စစ်ဗျူဟာအသစ်များကို တိုးချဲ့ ထပ်မံ ဖွဲစည်းနေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်(ခေါ်) ပြည်သူ့စစ်များကို မြိုနယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် ဖွဲစည်းပြီးနောက် ပြည်သူ့စစ်ဗျူဟာအသစ်များ ဖွဲစည်းလာသည့်အပြင် စစ်တပ်၏ တပ်ရင်းတပ်ဖွဲများပါဝင်သော စစ်ဗျူဟာအသစ်များကိုလည်း ထပ်မံ တိုးချဲ့ဖွဲစည်းနေကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တိုတွင် ပြည်သူ့စစ်(ခေါ်) ပျူစောထီးများ ပါဝင်သည့် ပြည်သူ့စစ်ဗျူဟာ အဖွဲကို တဖြည်းဖြည်းချင်း ဖွဲစည်းလျက်ရှိပြီး ယင်းပြည်သူ့စစ်(ခေါ်) ပျူစောထီးစစ်ဗျူဟာများတွင် ဗျူဟာ ခေါင်းဆောင် များအဖြစ် ထောင်ထွက် စစ်မှုထမ်းဟောင်း အရာရှိများ၊ စစ်မှုထမ်းဟောင်းမှ ပြန်လည်ခေါ်ယူထားသော အရာရှိများကို ခန့်အပ်လျက်ရှိကြောင်း သိရှိရသည်။

“ပြည်သူ့စစ်ဗျူဟာတွေမှာ ဦးဆောင်နေတာက စစ်မှုထမ်းဟောင်းတွေကို ရာထူး လက်ရှိ ပြန်တပ်ပေးပြီး ဦး ဆောင် ခိုင်းတာ။ ပြီးတော့မှ ပြည်သူ့စစ်တွေထဲက ကျွမ်းကျင်မှုနဲ့ အရည်အချင်းအလိုက် ခေါင်းဆောင်ငယ်တာ ဝန် တွေပြန်ခွဲတာရှိတယ်။ ပြည်သူ့စစ်ဗျူဟာတွေကို နယ်မြေတွေ အလိုက် ခွဲပြီး ဖွဲနေတယ်လို သိရပါတယ်” ဟု ရန်ကုန်တိုင်းစစ်ကောင်စီနှင့်နီးစပ်သော သတင်းရင်းမြစ်က ဆိုသည်။

ပြည်သူ့စစ်ဗျူဟာများကို မြိုပြများ၏ လုံခြုံရေး၊ ရုံးဌာနဆိုင်ရာများ၏ လုံခြုံရေး၊ ရပ်ကွက်ကျေးရွာများ၏ လုံခြုံရေးအတွက် အဓိက ရည်ရွယ်ဖွဲစည်းပြီး ပြည်သူ့လုံခြုံရေးအဖွဲများဟုလည်း အမည်တပ်ထားကြောင်း သိရှိရသည်။

ထိုပြင် စစ်တပ်အတွင်းတွင်လည်း စစ်ဗျူဟာအသစ်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုးချဲ့ဖွဲစည်းနေပြီး ဧပြီလမှစတင်၍ လူငယ်များကို အတင်းအကျပ် စစ်ထဲ ဆင့်ခေါ်ပြီးချိန်တွင် စစ်ဗျူဟာအလိုက် အင်အားများ တိုးချဲ့၍ တာဝန်ချထားရန်လည်း စစ်တပ်က ပြင်ဆင်နေကြောင်း သိရှိရသည်။

လက်ရှိ ပြင်ဦးလွင်တွင် ဗိုလ်မှူးကြီး များ ဦးဆောင်သော စစ်ဗျူဟာအသစ်များကို စစ်ကောင်စီက လွန်ခဲ့သော ဇန်နဝါရီလအတွင်း တိုးချဲ့ ဖွဲစည်းခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက စစ်တက္ကသိုလ်များ အခြေစိုက် ပြင်ဦးလွင်တွင် ဗိုလ်မှူးကြီးအဆင့် အရာရှိကြီးများ ဦးဆောင်သော ဗျူဟာတပ်ရင်းများ ထပ်မံ ဖွဲစည်းခိုင်းနေပြီး ဗျူဟာတပ်ရင်းတစ်ခုလျှင် စစ်အင်အား ၂၀၀ သတ်မှတ် ထားသော်လည်း မပြည့်မီ ဖြစ်နေကြောင်း စစ်တပ်သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို ပြောဆိုခဲ့သည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲက ပြင်ဦးလွင်အထိပါ သိမ်းယူမည်ဟု ကြေညာပြော ဆိုမှုများရှိလာချိန်တွင် စစ်ကောင်စီက ဗိုလ်မှူးကြီး အဆင့် အရာရှိကြီးများကို ဗျူဟာတပ်ရင်းများ ဖွဲစည်းခိုင်းထားကြောင်း၊ ဗျူဟာတပ်ရင်းတစ်ခုလျှင် စစ်အင်အား ၂၀၀ သတ်မှတ်ထားပြီး အင်အား မပြည့် ပြည့်အောင် ဖွဲစည်းကြ ရန် ညွှန်ကြားလာကြောင်း၊ သိုရာတွင် နေ့စဉ် အနည်းဆုံး တပ်သား ၅ ဦးမှ စတင်၍ ထွက်ပြေးနေကြသဖြင့် ဗျူဟာတပ်ရင်းများတွင် စစ်အင်အား မပြည့် ဖြစ်နေကြောင်း သိရှိရသည်။

“ပြင်ဦးလွင်မှာ ဗိုလ်မှူးကြီး အဆင့်တွေကို ဗျူဟာ အဆင့် ရင်းတွေ ဖွဲစည်း ခိုင်းတယ်။ အဲဒီမှာ အယောက် ၂၀၀ သတ်မှတ်ပြီး ဖွဲကြရတယ်။ ပြသနာ က ဘာလဲ ဆိုတော့။ တပ်တော့ ဖွဲတယ် ။ ၂၀၀ ပြည့်တယ်။ အဲဒီအထဲကနေမှ နေ့စဥ် ၃ယောက် ကနေ ၅ယောက် ထိ တပ်က ထွက်ပြေးနေကြတယ်။ ဗျူဟာ အရ အင်အား၂၀၀ ပြည့်အောင်ဖြည့်လိုက် ပြေးလိုက် နဲ့ ပဲ လုံးချာ ရိုက်နေတာ။ တပ်ထဲ က ပြန်စရာ အိမ်မရှိသူတွေပဲ ကျန်တယ်။ တချိုက ပြန်ပြီး ရပ်ကွက်ထဲ မနေရဲလိုဆက်နေရတယ်။ အချိုကျလည်းလူကြီး နဲ့ ပိုင်သူတွေကလည်း နေ ပြည် တော်ပြောင်းပြေးကြတယ်။ မပိုင်သူတွေက တော့ အသေခံ နေမလား ပြေးမလားပဲ ရွေးစရာမရှိဘူး” ဟု စစ်တပ်သတင်းရင်းမြစ်ရှင်းပြသည်။

လက်ရှိတွင် ဗျူဟာတပ်ရင်းများတွင် အရာရှိနှင့်စစ်သည်များ၏ ဇနီးမယားများ ကိုယ်တိုင် ဗုံးခိုကျင်း တူးခိုင်းထားပြီး အလှည့်ကျ ကင်းစောင့်ခိုင်းခြင်း၊ လက် နက် ငယ်ပစ်ခတ်မှု သင်တန်းများ ပေးခြင်းများလည်း စစ်ကောင်စီက လုပ် ဆောင် နေကြောင်းသိရှိရသည်။

ဓာတ်ပုံ – စစ်ကောင်စီက ဖွဲစည်းနေသော ပြည်သူ့စစ် တပ်ရင်းတပ်ဖွဲများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article