25 C
Yangon

မတ္တရာမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ပစ်ခတ်မှုကြောင့် သက်တော် ၉၃ နှစ်ရှိ သံဃာ တစ်ပါးနှင့် ပြည်သူ ၂ ဦးသေဆုံးပြီး ဓားစာခံ အဖြစ် ဖမ်းဆီးသွားသော ပြည်သူ ၁ ဦးကိုလည်း ပစ်သတ်

Must read

မတ္တရာမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ပစ်ခတ်မှုကြောင့် သက်တော် ၉၃ နှစ်ရှိ သံဃာ တစ်ပါးနှင့် ပြည်သူ ၂ ဦးသေဆုံးပြီး ဓားစာခံ အဖြစ် ဖမ်းဆီးသွားသော ပြည်သူ ၁ ဦးကိုလည်း ပစ်သတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ပစ်ခတ်ခြင်းကြောင့် သက်တော် ၉၃ နှစ်ရှိ သံဃာ တစ်ပါးနှင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ ပြန်ကြားရေး တာဝန်ခံ ကိုဘိုတောက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် မတ္တရာမြို့နယ်၊ မြို့ဒင်ဆင်ရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သာအေးကျေးရွာကို စစ်ကြောင်း တစ်ကြောင်း မြို့ဒင်ရွာ ဆင်ရွာဘက်ကို စစ်ကြောင်း တစ်ကြောင်းခွဲ၍ ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

မြို့ဒင်ရွာဘက်ကို ထိုးလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သေနတ်များ ပစ်ဖောက်ကာ စီးနင်း ခဲ့ပြီး ဒေသနေ ပြည်သူ ၂ ဦးဖြစ်သည့် ဦးထွန်းလှနှင့် ကိုဝင်းမင်းထွန်း တို့ကို အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း၊ ထို့ပြင် မြို့ဒင်ရွာရှိ လျှပ်စစ် ထရမ်စဖာအိုးကိုလည်း ပစ်ခတ် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သပြေချောင်ရွာ၊ အင်းတံခါးရွာဘက်ကို ဆက်လက် စစ်ကြောင်းထိုးမွှေနှောက်ပြီး ကျန်ရှိနေသော စစ်ကြောင်းနှင့် ပူးပေါင်းကာ ပြည်သာအေးရွာကို ထပ်မံ ဝင်ရောက် စီးနင်းပြီး အဘယရာမစိတ္တသုခ ဘုန်းကြီးကျောင်းကို သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက်မွှေနှောက်ခဲ့ကြောင့် ကျောင်းထိုင်ဆရာတော်၏ ခမည်းတော် သက်တော် ၉၃ နှစ် ဝါတော် ၅ဝါရှိ သံဃာတစ်ပါး သေနတ်ကျည်ထိမှန်၍ ပျံလွန်တော်မူခဲ့ကြောင်း သိရှိရသည်။

ဘုန်းကြီးကျောင်းကို ဝင်ရောက် စီးနင်းခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဘုန်းကြီးကျောင်းသို့ ထက်ပြေး တိမ်းရှောင်နေသူများနှင့် သံဃာတော်များထံမှ ပိုက်ဆံများ ရှာဖွေ ယူဆောင်သွားပြီး စစ်ကြောင်းပြန်လည် ဆုတ်ခွာသွားကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆင်ရွာ‌ကျေးရွာ‌နေ ပြည်သူ ၁ ဦးကိုဖမ်းဆီး ခေါ်ဆောင်သွားပြီး ခြေတော်ရာကျေးရွာအနီးရှိ ကိုရင်လေးတောင်တွင် ပစ်သတ်သွားကြောင်း သိရသည်။

“ဘုန်းကြီးရဲ့ခမည်းတော်ကတော့ သေနတ်မှန် ဒဏ်ရာရရှိပြီး သေဆုံးသွားပါတယ်။ ဘုန်းကြီး ခမည်းတော်က သက်တော် ၉၃ နှစ်ရှိပါတယ်။ ပြီးတော့ နောက်ထပ် အသက် ၃၉ နှစ်အရွယ် ဆင်ရွာ‌ကျေးရွာ‌နေ ပြည်သူ ၁ ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားပြီး မတ္တရာမြို့နယ် ခြေတော်ရာကျေးရွာအနီးမှာရှိတဲ့ ကိုရင်လေးတောင်မှာ သတ်ဖြတ်သွားပါတယ်” ဟု မတ္တရာမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုဘိုတောက်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article