25 C
Yangon

သရက်ချောင်းမြို့နယ်ရှိ စစ်တပ် တပ်ရင်းများနှင့် စခန်းကုန်းကို ဒရုန်း လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး

Must read

သရက်ချောင်းမြို့နယ်ရှိ စစ်တပ် တပ်ရင်းများနှင့် စခန်းကုန်းကို ဒရုန်း လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ခမရ ၄၀၃ နှင့် ခမရ ၄၀၄ တပ်ရင်းတို့ကို ဒရုန်း လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်တွင် သရက်‌ချောင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၄၀၃ ၊ ခမရ ၄၀၄ တပ်ရင်းများကို ပြည်သူ့ကာကွယ် ရေးတပ်မတော် ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်း နှင့် အမှတ် ၂ တပ်ရင်းတို့ ပူးပေါင်း၍ ၆၀ မမ လက်နက်ကြီး ၆ လုံးဖြင့် ပစ်ခတ်ခဲ့ရာ အကြမ်းဖက် စစ်ကာင်စီ တပ်သား ၆ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အဲတိုက်ခိုက်မှုကတော့ ၆ ကောင်သေပြီး ၇ ကောင် ဒဏ်ရာရတယ်။ အရာရှိရိပ်သာ ဗဟိုကင်းတဲ စားဖိုဆောင် တွေကိုထိပါတယ်။ ထိခိုက်ပျက်စီးမှုကတော့ တိတိကျကျ အတည်ပြုလို့မရပါဘူး” ဟု ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ထားခရိုင် အမှတ် ၂ တပ်ရင်း၏ ဒရုန်းတပ်ဖွဲ့ဖြစ်သော T5 Wings အဖွဲ့ကလည်း မဟာမိတ် တပ်ဖွဲ့များနှင့် ပူးပေါင်း၍ စစ်ကောင်စီ၏ ဝင်းဝစခန်းကုန်းကို ဗုံးသီးများဖြင့် အဆက်မပြတ် ဗုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် ဒဏ်ရာရရှိမှု များပြားကြောင်း သိရသည်။

ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အခြေစိုက်ရာ စခန်းများကို အဆက်မပြတ် တိုက်ခိုက်မှုများ တိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ အနေဖြင့် မည်သည့်နေရာမှ လုံခြုံမှုမရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article