25 C
Yangon

မြင်းမူမြို့တွင် စစ်ကား ၉ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ စစ်တပ်က လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်မှု Non CDM ထွေအုပ် ဝန်ထမ်း ၁ ဦးနှင့် ပြည်သူ ၂ ဦး သေဆုံး

Must read

မြင်းမူမြို့တွင် စစ်ကား ၉ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ စစ်တပ်က လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်မှု Non CDM ထွေအုပ် ဝန်ထမ်း ၁ ဦးနှင့် ပြည်သူ ၂ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ အထက ၁ ကျောင်းကို ဝင်ရောက်လာသော စစ်ကား ၉ စီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း CDSOM မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် မြင်းမူမြို့ အထက ၁ ကျောင်းဝင်းအတွင်း သံပြားကား ၉ စီးဖြင့် ဝင်ရောက်လာသည့် အင်အား ၂၀၀ ပါ အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို CDSOM 001 Drone Team နှင့် မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်များက Shar Htoo Waw နည်းပညာ Fixed Wing Drone ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံ ရေးအဖွဲ-CDSOM 001 Drone Team နှင့် မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ- MCRF ၊ မြောင်မြို့နယ် ပ.လ.ဖ ၊ ဝံပုလွေပြောက်ကျားအဖွဲ့-ခင်ဦး တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့ ညနေ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ စစ်ကား ၃ စီး ထပ်မံရောက်ရှိလာပြီး စုစုပေါင်း အင်အား ၃၀၀ ခန့်ဖြင့် မြင်းမူမြို့ အထက ၁ ကျောင်းတွင် တပ်စွဲခဲ့ပြီး ၆၀ မမ လက်နက်ကြီးများဖြင့် မြင်းမူမြို့ပေါ်ရှိ နေအိမ်များကို ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးများဖြင့် မြို့ပေါ်ရပ်ကွက်များကို ပစ်ခတ်ခဲ့သောကြောင့် မာဃရပ်ကွက်မှ အသက် ၇၅ နှစ်အရွယ် အဖွားအို ၁ ဦး၊ ဈေးအကွေ့ ဆေးဆိုင်မှ အမျိုးသား ၁ ဦးနှင့် Non CDM ထွေအုပ် ဝန်ထမ်း ၁ ဦးတို့ သေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

“တော်လှန်ရေး အဖွဲ့က Drone Mission လုပ်တဲ့အတွက် မြို့ထဲကို ရမ်းပစ်တယ်လို့ သိရပါတယ်။ မြင်းမူ အထက ၁ စာသင်ကျောင်းထဲက စစ်ခွေးတွေပစ်တာ မြို့ပေါ် မာဃရပ်ကွက်က ၇၅ နှစ်အရွယ် အမေကြီး တစ်ယောက်နဲ့ ဈေးအကွေ့ဆေးဆိုင်က ယောကျာ်းလေးတစ်ယောက်လို့ သိရတယ်။ Non CDM ထွေအုပ် ဝန်ထမ်း ၁ ဦး စုစုပေါင်း ၃ ဦး သေဆုံးတယ်” ဟု Black Eagle Defence Force – MMU အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article