26 C
Yangon

မြိုင်မြို့နယ်ရှိ Well-2 ရေနံမြေ ကျောက်ခွက်စခန်းမှ စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် မီးရှို့ရှင်းလင်း

Must read

မြိုင်မြို့နယ်ရှိ Well-2 ရေနံမြေ ကျောက်ခွက်စခန်းမှ စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် မီးရှို့ရှင်းလင်း

ရန်ကုန် ၊ မတ် ၁

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ Well – 2 ရေနံမြေ၊ ကျောက်ခွက်စခန်းမှ အကြမ်းဖက်စစ်ကောင်စီ တပ် သား၊ ရဲ၊ ပျူစောထီးများစခန်းစွန့်ခွာထွက်ပြေးသွားသဖြင့် ဝင်ရောက်ရှင်းလင်းပြီး မီးရှို့ဖျက်ဆီး လိုက် ကြောင်း Earthquake People Defence Force မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ဖေဖော်ဝါရီလ ၂၉ ရက် နံနက် အစောပိုင်းက မြိုင်မြို့နယ်၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE ပိုင် Well 2 ရေနံမြေ၊ ကျောက်ခွက်ရဲကင်းစခန်း၌ အင်အား ၃၀ ကျော်ဖြင့် တပ်စွဲ ထားသော အကြမ်းဖက်စစ်သား၊ ရဲများ၊ ပျူစောထီးများကို ဝက်ပုတ်ပျူစောထီးကျေးရွာမှ ထွက်ခွာ လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းမှ ခေါ်ထုတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

“ရဲစခန်းမှာက အရင်ကတည်းက တာဝန်ကျတဲ့ရဲတွေရယ်၊ စက်မှု ၂ ပတ်ဝန်းကျင်မှာရှိတဲ့ရွာတွေက ပျူတွေရတယ်၊ စစ်သားနည်းနည်းရယ်စုစုပေါင်းဆိုရင် အယောက် ၃၀ ၊ ၄၀ လောက်ရှိမယ်၊ စက်မှု ၂ ထဲကို ဆုတ်သွားတာ၊ စခန်းထဲကတော့ ဘာမှမကျန်ခဲ့ဘူး၊ အလက်တွေ့တာမျိုးတော့မရှိဘူး၊ သူတို့ စခန်းထဲ ဘန်ကာတွေကိုတော့ မီးရှို့ခဲ့တယ်၊ မိုင်းတွေဘာတွေရှင်းထားတဲ့တယ်၊” ဟု Earthquake People Defence Force မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုပိန်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ ကျောက်ခွက်ရေနံမြေရဲကင်းစခန်းသည် အမှတ်၂ ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်စိပ် တစ်စိတ် ဖြင့်သာ အထိုင်ချထားသော်လည်း မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက် စစ်တပ်က တိုင်းပြည်အာဏာကို မတရားလုယူ သိမ်းပိုက်ပြီးနောက် မြိုင်မြို့နယ်၊သရက်ကန်ရဲစခန်းမှ ရဲ၊ စစ် သားများက ကျောက်ခွက်ရေနံမြေစခန်းသို့ သွားရောက်ပူးပေါင်းကာ ဘန်ကာများတည်ဆောက်ပြီး အခိုင်အမာတည်ဆောက်ကာ တပ်စွဲနေထိုင်ခဲ့ခြင်းဖြစ်သည်။

Photo – စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာသွားသည့် စခန်းနှင့်စခန်းအတွင်း ဝင်ရောက်ရှင်း လင်းသော PDF တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article