25 C
Yangon

တန့်ဆည်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၉ ဦးသေဆုံး

Must read

တန့်ဆည်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၉ ဦးသေဆုံး

ရန်ကုန်၊ မတ် ၁

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၉ ရက် နေ့က တန့်ဆည်မြို့နယ်၊ ဇီးပေါက်ကျေးရွာမှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၁၁ ၊ ခမရ ၃၆၁ ၊ ခမရ ၇၀၈ တပ်ရင်းတို့မှ စစ်ကောင်စီတပ်သား များနှင့် ပျူစောထီးများပူးပေါင်းထားသည့် အင်အား ၁၃၀ ခန့်ပါ စစ်ကြောင်းကို ရွာသစ်ကုန်းကျေးရွာ အနီးအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၉ ဦးသေ ဆုံးပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၁ ရွှေဘိုခရိုင် ကွပ်ကဲရေးနှင့် ရွှေဘိုခရိုင် တပ်ရင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article