26 C
Yangon

တန့်ဆည်၊ ကံထူးမ ရဲစခန်းသိမ်းတိုက်ပွဲအပြီးတွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ ပြည်သူ ၁၁ ဦးကို ခေါင်းဖြတ်၊ ဗိုက်ခွဲ၊ ခြေလက်များ ဖြတ်တောက်ပြီး သတ်ဖြတ်သွားခဲ့

Must read

တန့်ဆည်၊ ကံထူးမ ရဲစခန်းသိမ်းတိုက်ပွဲအပြီးတွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ ပြည်သူ ၁၁ ဦးကို ခေါင်းဖြတ်၊ ဗိုက်ခွဲ၊ ခြေလက်များ ဖြတ်တောက်ပြီး သတ်ဖြတ်သွားခဲ့

ရန်ကုန်၊ မတ် ၃

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမ ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်သိမ်းခဲ့သည့် တိုက်ပွဲအပြီးတွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ ပြည်သူ ၁၁ ဦးကို ခေါင်းဖြတ်၊ ဗိုက်ခွဲ၊ ခြေလက်များ ဖြတ်တောက်ပြီး သတ်ဖြတ်သွားခဲ့ပြီး အလောင်းများ ပြန်လည်ရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် အစောပိုင်းတွင် ကံထူးမရွာ ရဲစခန်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲများက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ယင်းနောက် ရဲစခန်းကို မီးရှိရှင်းလင်းခဲ့ပြီးနောက် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကူ စစ်ကြောင်းများ ထိုးလာကြောင်း ၊ ယင်းနောက် ပြည်သူများကို ဖမ်းဆီးကာ ရက်ရက်စက်စက်သတ်ဖြတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်သွားသော စစ်ကြောင်း မှာ ဘီလူးစစ်ကြောင်းနှင့် ငရဲမင်းစစ် ကြောင်း ဟု အမည်ပေးထားသည့် စစ်ကြောင်းများဖြစ်ကြောင်း၊ ထိုစစ်ကြောင်းတွင် ခမရ ၇၀၈၊ အမှတ် ၁၁ တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းအင်အား ၂၀၀ ကျော်ပါဝင်ကြောင်း သိရှိရသည်။

စစ်တပ်၏ သတ်ဖြတ်မှု ခံရသူများမှာ –

၁။ ၀ရငယ်ကျေးရွာမှ အသက် ၇၀ အရွယ် ဦးဝေ (ဘ) ဦးဖိုးစစ်ဖြစ်ပြီး ဦးခေါင်းပစ်သတ်ခံရကာ ကျည်ခွံ ၆တောင့်တွေရှိရကြောင်း၊ ရွှေငွေများပါသွားကြောင်း၊ ၎င်းသည် ရွှေဧရာ မြောက်ဘက်ကုန်း ၅ ကွက်ခြား စစ်ရှောင်တဲဖြစ်ဖြစ်ပြီးဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် စစ်တပ်က သတ်ဖြတ်ခြင်းဖြစ်ကြောင်း၊

၂။ ဆူးပါကုန်း ကျေးရွာမှ အသက် ၃၀ နှစ်အရွယ် ဦးဖိုးကို (ဘ) ဦးစစ်ဝင်း ဖြစ်ပြီး စစ်တပ်က ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် လည်လှီးသတ်ဖြတ်ခဲ့ကြောင်း၊

၃။ ရွာသစ်ကုန်းကျေးရွာမှ အသက် ၄၅ နှစ်အရွယ် ကိုဆန်းပို (ဘ) ဦးကျော်အေး၊ ဖြစ်ပြီး မတ်လ ၁ ရက်နေ့ သေနတ်ဖြင့် ပစ်သတ်ခံထားရကြောင်း၊

၄။ ခံတောရွာသစ်ကျေးရွာမှ အသက် ၅၀ နှစ်အရွယ် ကိုဝင်းနိုင် (ဘ) ဦးဖိုးထီ ဖြစ်ပြီး ၎င်းမှာ ငနုချောင်းအုပ်စု၊ ရပ်ကျေး ပအဖ ခေါင်းဆောင်ဖြစ်ကာ စစ်တပ်က ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် သတ်ဖြတ်ခဲ့ကြောင်း၊

၅။ ခံတောရွာသစ်မှ အသက် ၅၂ နှစ်အရွယ် ဦးရှမ်းဖြစ်ပြီး ၎င်းသည် ပကဖ ရပ်ကျေးရွာတာဝန်ခံဖြစ်ကာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် စစ်တပ်က ပစ်သတ်ခဲ့ကြောင်း၊

၆။ ကံထူးမရဲစခန်းတွင် ချုပ်နှောင်ထားသော အသက် ၄၀ နှစ်အရွယ် ကိုမင်းဟန် ဖြစ်ပြီး မတ်လ ၁ ရက်နေ့တွင် စစ်တပ်က ခြေ၊ ခေါင်း၊ လက်ဖြတ် သတ်ထားကြောင်း။

၇။ ကံထူးမရဲစခန်းတွင်ချုပ်နှောင်ထားသော အကျဉ်းကျနေသူ အသက် ၃၀ နှစ်အရွယ် ကိုဆွေလင်း (ခ) တင်မောင်လင်းကို မတ်လ ၁ ရက်နေ့တွင် စစ်တပ်က ခြေ၊ ခေါင်း၊ လက်ဖြတ် သတ်ထားကြောင်း၊

၈။ အင်ပင်အိုင်ကျေးရွာမှ အသက် ၂၅ နှစ်အရွယ် ကိုဝေယံထက် (ခ) တိုးကြီး၊

၉။ ဇီပေါက်ကျေးရွာသား အသက် ၄၉ နှစ်အရွယ် ဦးငြိမ်းချို ၊

၁၀။ ပန်းတိမ်ကုန်းကျေးရွာမှ အသက် ၃၄ နှစ်အရွယ် ဦးဇော်မိုးဦး၊

၁၁။ ဇီးပေါက်ကျေးရွာမှ အသက် ၅၀ အရွယ် ဦးဌေးအောင် တို့ကို စစ်တပ်က ရက်ရက်စက်စက်သတ်ဖြတ်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article