25 C
Yangon

ဆားလင်းကြီးမြို့ပေါ်တွင် စစ်တပ် တပ်စွဲထားသော ရဲစခန်း၊ ဆေးရုံးနှင့် ဈေး အနီးရှိ ဘန်ကာများကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

Must read

ဆားလင်းကြီးမြို့ပေါ်တွင် စစ်တပ် တပ်စွဲထားသော ရဲစခန်း၊ ဆေးရုံးနှင့် ဈေး အနီးရှိ ဘန်ကာများကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ မတ် ၃

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရဲစခန်း၊ ဆေးရုံးနှင့် ဈေး အနီးရှိ ဘန်ကာများကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Royal Brothers People Defence Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂ ရက်‌နေ့ နံနက် ၈ နာရီခန့်တွင် ဆားလင်းကြီးမြို့ပေါ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ရဲစခန်းအနီး၊ ဆေးရုံးအနီးနှင့် ဈေးအနီးရှိ ဘန်ကာများကို Royal Brother အဖွဲ့၊ သေမင်းတမာန် (Salingyi)၊ Salingyi People’s Defence Force – SPDFအဖွဲ့နှင့် မဟာမိတ်တပ်များက လက်နက်ကြီး လက်နက်ငယ်များဖြင့် အနီးကပ် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှု ၁ နာရီကျော်ခန့် ကြာမြင့်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ မနေ့က ဆားလင်းကြီးပေါ် ရဲစခန်း၊ ဈေး၊ ဆေးရုံ အနီးမှာ ဘန်ကာတွေ အထိတက်ပစ်ခဲ့တာပါ။ စစ်ခွေး ၃ ကောင်တော့ သေတယ်လို့ ကြားသိရတယ်” ဟု Royal Brothers People Defence Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း Royal Brothers People Defence Force အဖွဲ့၏ ၆၀ မမ လက်နက်ကြီး ပြောင်းကွဲသွားသောကြောင့် ပြည်သူများ အနေဖြင့် ကူညီ ထောက်ပံ့ လှူဒါန်းပေးရန် တောင်းခံအပ်ကြောင်း၊ တိုက်ပွဲများ ဆက်လက် ဖော်ဆောင်ရာတွင်လည်း လိုအပ်သော လက်နက်ခဲယမ်းများ ဝယ်ယူရန်အတွက် ပြည်သူများမှ ဝိုင်းဝန်းလှူဒါန်းပေးကြရန် မေတ္တာရပ်ခံကြောင်း Royal Brothers People Defence Force က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article