25 C
Yangon

တာမခန်တိုက်ပွဲ ပြင်းထန်နေပြီးစစ်တပ်က တိုက်လေယာဉ်များဖြင့် အကြိမ်ကြိမ်ဗုံးကျဲကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

Must read

ရန်ကုန်၊ မတ် ၄

ကချင်ပြည်နယ်၊ ဖားကန့်မြိုနယ် တာမခန်ကျေးရွာတိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က တိုက်လေယာဉ်ဖြင့် အကြိမ်ကြိမ် ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

ဖေဖော်ဝါရီလနှောင်းပိုင်းမှစတင်၍ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တာမခန်ရဲစခန်းနှင့် ခမရ ၁၁၉ စခန်းကုန်းကို စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် တာမခန် ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ခမရ ၁၁၉ စခန်းကုန် ကို ရရှိရေး ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ SNA ရှမ်းနီတပ်များ ပါလာကြောင်း၊ တိုက်ပွဲပိုမိုပြင်းထန်လာကြောင်း ၊ စစ်တပ်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများ ဖြင့် စစ်ကူနေကြောင်း သိရှိရသည်။

“စစ်တပ် စခန်းကုန်း ဘန်ကာထဲမှာ သူတိုက ဆက်ပြိး ခုခံနေတာ။ လေယာဉ်ကလည်း ဒီနေ့ ၃ ကြိမ် ရှိပြီး ဗုံးလာကျဲတာ။ မနေ့ညကလည်း တစ်ညလုံးပစ်နေတာ။ ဖားကန့် ဗျူဟာကုန်းကနေ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ကူတယ်။ တိုက်ပွဲကတော့ အတော်ကို ပြင်းထန်နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

မတ်လ ၃ ရက်နေ့တွင် စစ်တပ်က တာမခန်ကျေးရွာအတွင်း ဟက်ပီး စတိုး ၊ ရွှေတာမခန် ၊အေးမိစံ ကုန်မာ ဆိုင် အပါအဝင် နေအိမ်တချိုကို စစ်တပ်နှင့် ပြည်သူ့စစ်များက မီးရှိသွားကြောင်း ၊ ဆိုင်နှင့်နေအိမ်တချို မီးလောင်ပြာကျသွားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article