25 C
Yangon

ပခုက္ကူမြိုနယ်၊ ကန်တော်ကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကိုလက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရန်ကုန်၊ မတ် ၄

မကွေးတိုင်း၊ ပခုက္ကူမြိုနယ်၊ ကန်တော်ကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း COBRA ONE pakokku မှ ဗိုလ်မြွေဟောက်က ရန်ကုန်ခေတ်သစ် မီဒီယာသို ပြောဆိုသည်။

မတ်လ ၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ပခုက္ကူမြိုနယ်၊ ကန်တော်ကျေးရွာ၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲများက ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေ ထိခိုက်မှု ရှိတယ်လိုတော့ သတင်းရထားပါတယ်။ ဘယ်နှကောင် ထိတယ်ဆိုတာကတော့ အတည်မပြုနိုင်သေးဘူး”ဟု ဗိုလ်မြွေဟောက်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင်မြိုနယ် ပကဖ- Rocket တပ်ဖွဲများနှင့်အတူ COBRA ONE pakokku ၊ Tar Tay pku၊ စနေမင်း မြိုင် ၊ BA Nyein၊ နှလုံးလှလူမိုက်တပ်ဖွဲတိုက ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article