25 C
Yangon

ကလေးမြို့နယ်တွင် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး၊ မြင်းမူမြို့ရှောင်လမ်းတွင် ကားပြင်နေသည့် စစ်သားများကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ကလေးမြို့နယ်တွင် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး၊ မြင်းမူမြို့ရှောင်လမ်းတွင် ကားပြင်နေသည့် စစ်သားများကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ မတ် ၇

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် နည်းပညာတက္ကသိုလ်၌ တပ်စွဲထားသော စစ်သားများနှင့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးခဲ့ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့ (Wings of Kalay Drone Team) ထံမှ သိရသည်။

မတ်လ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ကလေးနည်း ပညာတက္ကသိုလ် (GTC) ကို ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ၊ မတ်လ ၂ ရက်နေ့တွင် ကလေးမြို့နယ် တောင်ပိုင်း၊ ထိုမာရွာနှင့် သာယာကုန်းရွာ အကြား စစ်ကြောင်းလာသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၈ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မတ်လ ၅ ရက်နေ့နှင့် ၆ ရက်နေ့ တို့တွင် ကလေးမြို့နယ် တောင်ပိုင်း မှန်တောရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုများ အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကာ စစ်စခန်း တစ်ခု မီးလောင်ပျက်စီးခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှာကို ကလေးခရိုင် ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့ (Wings of Kalay Drone Team)နှင့်အတူ Kalay Revolution Force (KRF) ကလေးဒေသ တော်လှန်ရေးတပ် ၊ Chin Secret Service (CSS) ၊ Chin National Defense Force (CNDF) ၊ CDF-KKG (Chinland Defense Force, Kalay -Kabaw- GanGaw) အဖွဲ့တို့မှ ပူးပေါင်း၍ Fixed Wing Droneများ အသုံးပြုကာAir Bombများ ၂၁ လုံး အသုံးပြု တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ မြို့ရှောင်လမ်းပေါ်တွင် ကားပျက်၍ ပြင်နေသောအကြမ်းဖက်စစ်သားများ ကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း ၁၁ – People’s Defence Force – South Monywa ထံမှ သိရသည်။

မတ်လ ၄ ရက် ညနေ ၃ နာရီအချိန်ခန့်ကမြင်းမူမြို့ မြို့ရှောင်လမ်းပေါ်တွင် Jammer ကားပျက်၍ ပြင်နေကြသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ၄၀ မမ ဗုံးသီး အစစ် ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa တပ်ခွဲ ၁ ၊ မုံရွာခရိုင်တပ်ရင်း ၁၁ တပ်ခွဲ ၃ ၊ တပ်စု ၂ Youth Vigor Revolution Force ၊ အညာညီ နောင် တပ်ပေါင်းစု နှင့် နွေဦးလူငယ် People’s Defence Force တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article