32 C
Yangon

သင်္ဃန်းညီနောင်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး၊ မြဝတီမြို့ပေါ်၌ စစ်တပ်က စစ်ကားများဖြင့် စစ်မှုထမ်းရန် စာရင်းလိုက်ကောက်နေ

Must read

သင်္ဃန်းညီနောင်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး၊ မြဝတီမြို့ပေါ်၌ စစ်တပ်က စစ်ကားများဖြင့် စစ်မှုထမ်းရန် စာရင်းလိုက်ကောက်နေ

ရန်ကုန်၊ မတ် ၇

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် သင်္ဃန်းညီနောင်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၇ ရက်နေ့ နံနက် ၁၁ နာရီခန့်က စတင်ကာ မြဝတီမြို့၊ အာရှလမ်းရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၇၅ တပ်ရင်းက သင်္ဃန်းညီနောင်ဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“ဒီနေ့ မြဝတီမြို့ သင်္ဃန်းညီနောင် ဘက်မှ မနက် ၁၁ နာရီ ကနေ ပစ်လိုက်တဲ့ လက်နက်ကြီး အခုထိပါပဲ တိုက်ပွဲတွေ ဖြစ်ပွားခြင်းမရှိပါဘူး။ အာရှလမ်းမှာရှိတဲ့ ခလရ ၂၇၅ တပ်ရင်းက ပစ်နေတာ စစ်ခွေးတွေ ပစ်တဲ့ လက်နက်ကြီး ထိမှန်ပြီးပြည်သူ ၁ ဦး သေဆုံးတယ်။ PDF တွေက နယ်မြေဆိုး မိုးထားပေမယ့် ပြန်မပစ်ပါဘူး။ လူထု ထိမှာ ကြောက်လို့ပြန်မပစ်တာ” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

မတ်လ ၆ ရက်နေ့ က စတင်ကာ မြဝတီမြို့ပြင် နေရာ အများအပြားတွင် အကြမ်းဖက် စစ်တပ်က ခံစစ် ပြင်ဆင်နေပြီး မြို့ပြင် ပတ်လည်ရှိ လူနေရပ်ကွက်များတွင် ကတုတ်ကျင်းများ တူးကာ ကင်းပုံးများချထားကြောင်း သိရသည်။

ထို့ပြင် မြဝတီမြို့ပေါ်ရှိ အမှတ် ၃ ရပ်ကွက်နှင့် အမှတ် ၄ ရပ်ကွက်များတွင် စစ်တပ်နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းရန် စစ်ကား ၃ စီးဖြင့် တစ်အိမ် တက် တစ်အိမ်ဆင်း၍ အမည်စာရင်းလိုက်ကောက်လျက်ရှိကြောင်း သိရှိရသည်။

“စစ်မှုထမ်းဖို့ မြဝတီမြို့ အမှတ် ၃ ရပ်ကွက်နဲ့ အမှတ် ၄ ရပ်ကွက်ထဲမှာ လူစာရင်း လိုက်ကောက်နေပါတယ်။ မနေ့က မြဝတီမြို့ အမှတ် ၃ ကျွန်းတော ရပ်ကွက် ထဲ အုပ်ကြီး အပါအဝင် စစ်ခွေး ဗိုလ်မှူး အဆင့် ရှိသူတွေလည်းပါတယ်။ စစ်ကား ၃ စီးနဲ့ တစ်အိမ် တက် တစ်အိမ်ဆင်း လူစာရင်းလိုက်ကောက်နေတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article