25 C
Yangon

ဟားခါးမြို့နှင့် ကျောက်ထုမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ပင်စင်စားဝန်ထမ်း တစ်ဦး၊ အသက် ၆ နှစ်အရွယ် ကလေး ၁ ဦးတို့အပါအဝင် ၃ ဦး သေဆုံး

Must read

ဟားခါးမြို့နှင့် ကျောက်ထုမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ပင်စင်စားဝန်ထမ်း တစ်ဦး၊ အသက် ၆ နှစ်အရွယ် ကလေး ၁ ဦးတို့အပါအဝင် ၃ ဦး သေဆုံး

ရန်ကုန်၊ မတ် ၈

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ရုန်းတောင်စစ်ဆေးရေးဂိတ်ရှိ စစ်သားများက ပစ် ခတ်သတ်ဖြတ်မှုကြောင့် ပင်စင်စားဝန်ထမ်းတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသနေပြည်သူများထံက သိရသည်။

ယမန်နေ မတ်လ ၇ ရက် ညနေ ၆ နာရီကျော်က ဟားခါးမြို့၊ မြေစာရင်းရုံးမှ ဆိုင်ကယ်စီးပြီး ပြန်လာ သော ပင်စင်စား ဦးလွှန်မှုန်းသည် ရုန်းတောင်စစ်ဆေးရေးဂိတ်အနီး ဖြတ်သန်းလာစဉ် အကြမ်းဖက် စစ်သားများက ပစ်ခတ်သတ်ဖြတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။

ဟားခါးမြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ညနေ ၆ နာရီကျော်ပါက ၎င်းတို့ တပ်ရင်းအနီး ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားကြောင်း၊ လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ဝင်များက မြို့တွင်းကင်းလှည့်ခြင်း ၊ လမ်းဆုံလမ်းခွနေရာများ၌ စစ်ဆေးခြင်းများပြုလုပ်လျက်ရှိ ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ကျောက်ထုမြို့နယ်၊ ကြန်တောကျေးရွာတွင် အကြမ်း ဖက်စစ်ကောင်စီ တပ် က လက် နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၆ နှစ်အရွယ် ကလေး ၁ ဦးနှင့် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ မတ်လ ၇ ရက်နေ့က ကျောက်ထုမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်က ကြန်တောကျေးရွာ ဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ရေချိုးရန် သွားနေသည့် အသက် ၆ နှစ်အရွယ် ကလေး တစ်ဦး နှင့် အသက် ၃၀ အရွယ် အမျိုး သမီးတစ်ဦးတို့ကို ထိမှန်ကာ နှစ်ဦးစလုံး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရေချိုးသွားရင်း လက်နက်ကြီးထိလို့ ဆုံးသွားကြတာပါ။ ကျောက်ထုကနေ အဲ့ဒီရွာဘက်တွေကိုက ခဏခဏထုနေတာ။ လက်နက်ကြီးဆိုတာက မြင်ရတာလည်းမဟုတ်တော့ခက်တယ်” ဟု ဒေသနေ ပြည်သူတစ်ဦးက ပြောကြား သည်။

ကျောက်ထုမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် အနီးအနားပတ်ဝန်းကျင်ကျေးရွာ များကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးကာ ပြည်သူပိုင်ပစ္စည်းများကို မတရားခိုးယူ ခြင်းတို့ လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။

ယနေ့မတ်လ ၈ ရက်နေ့နံနက်ပိုင်းကလည်း ကျောက်ထုမြို့ပေါ်ရှိအကြမ်းဖက်စစ်သားများက ကံကြီး ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာပြီး အနီးအနားကျေးရွာများဘက်သို့ ၄၀ မမ လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် တောများကို မီးရှို့ကာ ပြန်လည် ထွက်ခွာသွားကြောင်း သိရ သည်။

ကျောက်ထုမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင်များက မူးရူးသောက်စားကာ လက်နက်ကြီး များဖြင့် ပစ်ခတ်လေ့ရှိသောကြောင့် အနီးအနားပတ်ဝန်းကျင် ကျေးရွာများ၌ နေထိုင်ကြသောမိဘ ပြည်သူများ အနေဖြင့် စစ်ရေးသတိဖြင့်သွားလာနေထိုင်ကြပါရန် တော်လှန်ရေးတပ်ဖွဲ့က တိုက်တွန်း နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article