25 C
Yangon

ချောင်းဦးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော စိုက်ကွင်းရုံး နှင့် ဂိတ်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး

Must read

ချောင်းဦးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော စိုက်ကွင်းရုံး နှင့် ဂိတ်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ မတ် ၉

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စိုက်ကွင်းရုံးနှင့် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း ၁၂ တပ်ခွဲ ၃ (လျှပ်စီးတပ်ဖွဲ့) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၉ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်က ချောင်းဦးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စိုက်ကွင်းရုံးစိုက်ကွင်းရုံးကို ဒရုန်း ၅ စီးဖြင့် ဗုံးသီး ၁၅ လုံး၊ ချောင်းဦး – မြင်းမူလမ်းပေါ်ရှိ အကြမ်းဖက် စစ်သားများ တပ်စွဲထားရာ ခရေဖြူဂိတ်ကို ဗုံးသီး ၁၀ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ ခရေဖြူဂိတ် မီးလောင် ပျက်စီးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများက လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် တရစပ် ပြန်လည် ပစ်ခတ်မှုရှိခဲ့ပြီး မွန်းလွဲ ၁၂ နာရီ ၁၇ မိနစ် အချိန်တွင် တော်လှန်ရေး တပ်ဖွဲ့ဝင်များ အားလုံး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“စစ်ခွေး ၁ ကောင်သေပြီး ၃ ကောင် ဒဏ်ရာ ပြင်းထန်တယ်လို့ အတည် ပြုနိုင်ခဲ့ပါတယ်” ဟု မုံရွာခရိုင်တပ်ရင်း ၁၂ တပ်ခွဲ ၃ (လျှပ်စီးတပ်ဖွဲ့) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၁၂ ၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲ ၊ Myaung Special People Defense Force (MSPDF)၊ ရန်ရှင်းဒေသ ကာကွယ်ရေးအဖွဲ့၊ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ-၂ တပ်ခွဲ ၃ တပ်ခွဲ ၄ နှင့် မုံရွာခရိုင် အမှတ် ၈ တပ်ရင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article