25 C
Yangon

စစ်ကိုင်းမြို့နယ်တွင် ရွာသစ်ကြီးရဲစခန်းမှ ကင်းလှည့် ရဲတပ်ဖွဲ့ကို တိုက်ခိုက်မှု ရဲ ၄ ဦးသေဆုံးပြီး လက်နက် ၄ လက်နှင့် ခဲယမ်းများ ရရှိ

Must read

စစ်ကိုင်းမြို့နယ်တွင် ရွာသစ်ကြီးရဲစခန်းမှ ကင်းလှည့် ရဲတပ်ဖွဲ့ကို တိုက်ခိုက်မှု ရဲ ၄ ဦးသေဆုံးပြီး လက်နက် ၄ လက်နှင့် ခဲယမ်းများ ရရှိ

ရန်ကုန်၊ မတ် ၁၀

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စစ်မှုဒုဝန်ကြီး လမ်းကြောင်းအတွက် လုံခြုံရေးယူနေသည့် ရဲတပ် ဖွဲ့ကို တိုက်ခိုက်မှု ရဲ ၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ ရရှိကြောင်း စစ်ကိုင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။

ယနေ့ နံနက် ၇ နာရီ ၅၀ မိနစ်အချိန် စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးနယ်မြေရဲစခန်းမှ ရဲ ၄ ဦးသည် စစ်ကိုင်း-မုံရွာ- ရွှေဘိုလမ်းပိုင်းတွင် ငွေတောင်းထွက်လာစဉ် စစ်ကိုင်း ပကဖနှင့် တောတွင်းတွတ်ပီ အဖွဲ့က အနီးကပ် ဝင်ရောက် တိုက်ခိုက်ရာ ရဲ ၄ ဦးသေဆုံးပြီး သေနတ် ၄ လက်ရရှိကြောင်း သိရှိရသည်။

“ကြိုတင်ကင်းပုန်းဝပ်ပြီး အနီးကပ်တိုက်ခိုက်တာမှာ ရဲ ၄ ဦးသေတယ်။ သေနတ် ၄ လက်ရရှိတယ်။ ဒီနေ့ မွန်းလွဲ ပန်းချီရွာဘက်ကို စစ်တပ်က စစ်ကြောင်းထိုးတယ်။ ဒီနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်မှာတော့ စစ်သားတွေက စစ်ကိုင်းမြို့နယ်၊ ကျောက်ဆည်ရွာကို ရောက်နေပြီလို့ သိရတယ်” ဟု စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

စစ်တပ်ဘက်တော်သားများ၏ သတင်းထုတ်ပြန်မှုတွင် စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာ တိုင်းရင်း သားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်သို့ လာရောက်သော စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့ လမ်းကြောင်းအတွက် လုံခြုံရေး ယူနေစဉ် ရဲ ၃ ဦး တိုက်ခိုက်ခံရကြောင်း၊ သေနတ်များ ပါသွားကြောင်း သတင်းဖော်ပြကြသည်။

သေဆုံးသွားကြသည့် ရဲတပ်ဖွဲ့ဝင်များမှာ ရွာသစ်ကြီးရဲစခန်းမှ ရဲတပ်ကြပ်ကြီး ဂေတမ်၊ ရဲတပ် ကြပ် ဇာနည်ထွန်း ၊ ရဲဒုတပ်ကြပ် ရန်နိုင်စိုးတို့ သေဆုံးခဲ့ကြောင်း၊ MA-13 သေနတ် ၁ လက်၊ BA-63 သေ နတ် ၁ လက်၊BA 63 သေနတ် ၁ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၂၀၀ တောင့်နှင့် MG-1 ၁ လုံး ဆုံး ရှုံးကြောင်း၊ လုံခြုံရေး အတွက် အသုံးပြုနေသည့် AD VAN (အဖြူ) မော် တော်ယာဥ် ဆုံးရှုံးသွားကြောင်း သိရှိရသည်။

Taw Twin Tup Pee Local PDF အဖွဲ့၏ ထုတ်ပြန်ချက်တွင်မူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးရဲစခန်းမှ ရဲများလိုက်ပါလာသောကားကို ပစ်ခတ် တိုက်ခိုက်ရာ ၄ ဦးလုံးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း၊ စစ်ကိုင်းမြို့နှင့် အုန်းတော နယ်မြေအတွင်း ဖြတ်သန်းသွားလာနေသော ကားများကို အတင်းအဓမ္မ ဆက်ကြေး ကောက်ခံနေသည့် ရွာသစ်ကြီးရဲစခန်းမှ ရဲများ လိုက်ပါသောကားကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ ၄ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော ရဲ ၄ ဦးမှာ ရွာသစ်ကြီးရဲစခန်းမှ ရဲတပ်ကြပ်ကြီး ဂေတမ်၊ ရဲတပ်ကြပ် ဇာနည်ထွန်း ၊ ရဲဒုတပ်ကြပ် ရန်နိုင်စိုးနှင့် ရဲတပ်သား ၁ ဦးတို့ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ရဲ ၄ ဦးထံမှ ပစ္စတို ၁ လက် ၊ ကျည်ဘောက် ၂ ခု၊ G-3 ၂ လက်၊ ကျည်ဘောက် ၄ ခု၊ ပူစီ ၁ လက် ကျည်ဘောက်၃ ခု၊ ၃၀၈ ကျည် ၂၆၉ တောင့်၊ 7.62 ကျည် ၂၄၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်ထိပ် ၂ ခု၊ ဖုန်း ၅ လုံး၊ ယူနီဖောင်း ၂ စုံ၊ ကား ၁ စီး သိမ်းဆည်းရရှိခဲ့ကြောင်း Taw Twin Tup Pee Local PDF ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article