30 C
Yangon

ကျောက်ထုတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူ ၃ ဦး သေဆုံး

Must read

ကျောက်ထုတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူ ၃ ဦး သေဆုံး

ရန်ကုန်၊ မတ် ၁၀

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထုမြို့နယ်ခွဲတွင် စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီးဖြင့် ပစ်ခတ်၍ ငလွန်းကျေးရွာမှ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

မတ်လ ၉ ရက်နေ့ ကျောက်ထုတပ်မှ ထွက်လာပြီး သရက်ချဉ်ကျေးရွာဘက်ရောက်ရှိနေသည့် တပ်မ ၁၁ မှ အင်အား ၆၀ ခန့်ပါ စစ်တပ်စစ်ကြောင်းက လက်နက်ကြီးဖြင့် ပစ်ခတ်၍ ငလွန်းကျေးရွာမှ ဦးဆန်း၀င်း (အသက် ၅၀ နှစ်) ၊ နာမည်တူဦးဆန်း၀င်း (အသက် ၄၈နှစ်) နှင့် မသဲသဲမာ (အသက် ၂၄နှစ်) တို့ လက်နက်ကြီးထိမှန် သေဆုံးခဲ့ရကြောင်း သိရှိရသည်။

” စစ်ကြောင်းက ၈၁ မမနဲ့ထုတာ။ လမ်းမပေါ်ကျပြီး မျက်နှာချင်းဆိုင်အိမ်နှစ်က သူတွေသေကြတာ။ သေတဲ့အမျိုးသားနှစ်ယောက်က နာမည်တူတွေ။ ဦးဆန်းဝင်းနှစ်ယောက်” ဟု ကျောက်ထုဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ထို့ပြင် စစ်ကောင်စီတပ်က မတ်လ ၉ ရက်နေ့ ကျောက်ထုမြို့နယ်ခွဲ၊ တောင်ရိုးဘက်တွင် တိုက်လေယာဉ်ဖြင့် ဗုံး ၅ လုံးကျဲချသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

မတ်လ ၇ ရက်နေ့ကလည်း စစ်ကောင်စစ်ကြောင်းက လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကျောက်ထုမြို့နယ်ခွဲ၊ ကြန်တောရွာမှ အသက် ၆ နှစ်အရွယ်ကလေး ၁ ဦး၊ အသက် ၃၀ အရွယ် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က လက်နက်ကြီးအမြောက်များ ပစ်ခတ်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article