26 C
Yangon

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် စစ်ကား မိုင်းဆွဲခံရမှု မသိရှိမှုဖြင့် လမ်းအင်ဂျင်နီယာများ အရေးယူခံရ

Must read

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် စစ်ကား မိုင်းဆွဲခံရမှု မသိရှိမှုဖြင့် လမ်းအင်ဂျင်နီယာများ အရေးယူခံရ

ရန်ကုန်၊ မတ် ၁၀

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် စစ်ကား မိုင်းဆွဲခံရမှု မသိရှိမှုဖြင့် လမ်းအင်ဂျင်နီယာများ အရေးယူခံရကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနသတင်းရင်းမြစ်က ပြောဆိုသည်။

မတ်လ ၈ ရက်နေ့ နံနက်ပိုင်း၊ မကွေးမြို့ အခြေစိုက် ၊ တပ်မ ၈၈ တပ်မှ အကြမ်းဖက် စစ်ကောင်စီ ဗိုလ်ကြီး ကျော်သူရပိုင် ဦးစီးကာ စစ်သည်တော် ကျင့်ဝတ်စာမေးပွဲဖြေဆိုရန် လာရောက်သည့် စစ်ကား ၁ စီးကို ရန်ကုန် -မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၃၂၀ အရောက်တွင် ရှေ့ထွက်မိုင်း ၈ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းကြောင်း သိရသည်။

စစ်ကောင်စီ၏ ညွှန်ကြားစာတွင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၂၀ တွင် မတ်လ ၈ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ်အချိန် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ တပ်မ ၈၈ မကွေးမှ ဗိုလ်ကြီး ကျော်သူရပိုင် ဦးစီးသော စစ်သား ၁၆ ဦးအဖွဲ့က စစ်ကားဖြင့် စစ်သည်တော်ကျင့်ဝတ် စာမေးပွဲ ဖြေပြီး ပြန်လာစဉ် ရှေ့ထွက်မိုင်း ၃ လုံး ခန့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရကြောင်း၊ စစ်ကား၏ အရှေ့လေကာ မှန်ကြီး ကွဲအက် ပျက်စီးသွားကြောင်း၊ ထို့ပြင် မပေါက်ကွဲသေးသော မိုင်း ၂ လုံးကိုလည်း ထပ်မံတွေ့ရှိရကြောင်း၊ ထိုဖြစ်စဉ်ကို လမ်းအင်ဂျင်နီယာများက မတ်လ ၈ ရက်နေ့ ညနေပိုင်းအထိ မသိရှိကြောင်း၊ ထို့ကြောင့် မိုင်းပေါက်ကွဲမှုကို မသိရှိမှုဖြင့် ကွင်းအင်ဂျင်နီယာများအားလုံးကို အရေးယူလိုက်ကြောင်း သိရှိရသည်။

“လမ်းဦးစီးရုံးချုပ်က နေပြည်တော် မှာ ဆုပေးတာကို သွားတက်ယူနေတုန်း မိုင် ၃၂၀ မှာ ဗုံးထပ်ပေါက်တာကို မသိရကောင်းလားဆိုပြီး အရေးယူခြင်းခံရတယ်” ဟု နေပြည်တော် သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် ရန်ကုန်- နေပြည်တော် – မန္တလေး အမြန်လမ်းတစ်လျှောက်တွင် စစ်တပ်က လုံခြုံရေးတင်းကျပ်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

2 COMMENTS

Comments are closed.

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article