34 C
Yangon

မင်းပြားမြို့နယ်တွင် စစ်တပ်၏ ရေတပ်သင်္ဘောပေါ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် ၂ လုံးပျက်စီး

Must read

မင်းပြားမြို့နယ်တွင် စစ်တပ်၏ ရေတပ်သင်္ဘောပေါ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် ၂ လုံးပျက်စီး

ရန်ကုန်၊ မတ် ၁၀

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ရေတပ် သင်္ဘောပေါ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ် ၂ လုံးပျက်စီး ခဲ့ကြောင်း ရခိုင့်တပ်တော် -AA သတင်းရင်းမြစ်ထံမှ သိရသည်။

မတ်လ ၉ ရက်နေ့ ည ၈ နာရီ မိနစ် ၃၀ ခန့်က မင်းပြားမြို့နယ်အတွင်းကို အ ကြမ်းဖက် စစ်တပ်၏ ရေတပ် သင်္ဘောပေါ်က လက်နက်ကြီးများဖြင့် ၂ လုံး ပစ်ခတ်ခဲ့ရာ ပိုက်သည် (မူဆလင်) ရွာ အတွင်း ကျရောက်‌ ပေါက်ကွဲခဲ့ပြီး အသက် ၂၇ နှစ် မဂျီနု သေဆုံးကာ နေအိမ် ၂ လုံးနှင့် စပါးတင်း ၇၀၀ ထည့် ထားသော စပါးကျီ ၁ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးသည် ပိုက်သည်ရွာထဲရှိ ဦးဘစိန်၏ စပါးကျီ အလယ် တည့်တည့်ကို ကျရောက် ပေါက်ကွဲ ဦးဘစိန်၏ သမီးဖြစ်သူ အသက် ၂၇ နှစ်အရွယ် မဂျီနုမှာ ပွဲချင်းပြီးသေဆုံးခဲ့ခြင်းဖြစ် ကြောင်း၊ ထို့ပြင် ဦးမောင်လုံး နေအိမ်နှင့် ဦးဘစိန်တို့ကိုလည်း လက်နက်ကြီးကျည်စ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် မတ်လ ၉ ရက် ည ၈ နာရီ ၁၀ မိနစ်ခန့်ကလည်း မင်းပြားမြို့နယ်၊ သဲတန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဦးမောင်ဝင်း၏ Music Love – KTV ခြံစည်းရိုးနှင့် အဆောင်တို့ ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article