28 C
Yangon

ဘုတလင် ၊ ဇီးတောရွာသို စစ်တပ်က ပစ်ခတ်ဝင်ရောက်ပြီး မီးရှိမှု ပြည်သူ ၁ ဦးသေဆုံး၊ နေအိမ်အများအပြား မီးလောင်ပြာကျ

Must read

ရန်ကုန်၊ မတ် ၁၁

စစ်ကိုင်းတိုင်း၊ ဘုတလင်မြိုနယ်၊ ဇီးတောကျေးရွာသို စစ်တပ်က ယနေ့ နံနက်ပိုင်း ပစ်ခတ်ဝင်ရောက်လာသဖြင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အများအပြားကိုလည်း စစ်တပ်ကမီးရှိဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

မတ်လ ၁၁ ရက်နေ့ နံနက် ၆ နာရီအချိန် ဘုတလင်မြိုနယ်တောင်ဘက်၊ ဇီးတောရွာသို စစ်ကောင်စီတပ်က ၅ ကြိမ်မြောက် ဝင်လာပြီး ပစ်ခတ်မှုများ လုပ်ဆောင်ကြောင်း၊ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ဒီနေ့ မတ်လ ၁၁ ရက်နေ့ မနက်ခင်း ၆ နာရီအချိန် ရွာထဲဝင်လာပြီး ပစ်ခတ်ဝင်ရောက်လာတယ်။ ဝင်လာပြီးတော့ အိမ်တွေကို မီးရှိတယ်။ ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

စစ်ကောင်စီတပ်၏ မီးရှိမှုကြောင့် နေအိမ် ၁၃ လုံး ၊ နွားတင်းကုပ် ၁၂ လုံးမီးလောင်ဆုံးရှုးသွားကြောင်း ၊ ဇီး တောကျေးရွာကို စစ်ကောင်စီတပ်က ယခု ဝင်ရောက်မီးရှိမှုသည် ၅ ကြိမ်မြောက်ဖြစ်ပြီး အိမ်ခြေ ၁၆၀ နီးပါး ဆုံးရှုးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article