25 C
Yangon

ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦး ဒဏ်ရာရ

Must read

ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦး ဒဏ်ရာရ

ရန်ကုန်၊ မတ် ၁၁

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒီပဲယင်း အဖြူရောင် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၀ ရက်နေ့တွင် ဒီပဲယင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော တပ်စခန်းများကို ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အင်အားစုများက တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“အထိခိုက်တော့ရှိပါတယ်။ သေဆုံးမှု ရှိမရှိကိုတော့ စုံစမ်းနေဆဲပါပဲ စစ်ခွေး ၄ ကောင် ထိခိုက်မှု ရှိတယ်။ ဒီပဲယင်းမြို့ပေါ်က စစ်ခွေး အထိုင် စခန်းပါ။ ခွေးတွေက အပြင်မထွက်ရဲဘူး။ စခန်းနဲ့ စခန်းအနီးသာ နေနေရပါတယ်” ဟု ဒီပဲယင်း အဖြူရောင် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် ဒီပဲယင်းမြို့တစ်ဝက်နီးပါးကို ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အင်အားစုများက ဆက်လက် ထိန်းချုပ်ထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article