37 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၁၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၁၁ ရက်နေ့ ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကရင်နီပြည်နယ် ၊ ဖားဆောင်းမြို့နယ်က အကြမ်းဖက် စစ်တပ်စခန်းတွေကို ကရင်နီ-တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်သား အယောက် ၂၀ နီးပါး သေကုန်ကြတဲ့ အပြင် ၊ သေနတ် ၁၇ လက်ကိုပါ သိမ်းဆည်းရရှိထားတယ်လို့ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် – KPLA ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ၊ ကသိုင်းတောင်က ဆင်းလာတဲ့ ကား ၅ စီးပါ စစ်ယာဉ်တန်းကို KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေကနေ တိုက်ခိုက်ခြေမှုန်းရာမှာ စစ်ကား ၁ စီးလုံးဝပျက်ဆီးသွားပြီး လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိထားတဲ့အပြင် စစ်သားတချို့ကိုလည်း အရှင်ဖမ်းဆီးရမိထား တယ်လို့ KIA သတင်းရင်းမြစ်က ပြောပါတယ်။
  • ပဲခူးတိုင်းက မင်းလှမြို့နယ်မှာ ၄ ရက်တာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ၆ ကြိမ် အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က အယောက် ၈၀ ကျော်ဟာ အသီးသီး သေကုန်ကြတဲ့အပြင် ၊ လက်နက်ခဲယမ်းအချို့ ကိုပါ သိမ်းဆည်းရရှိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article