25 C
Yangon

ရန်ကုန်မြို၊ ဗဟန်းမြိုမှ စိတ်ဝေဒနာရှင် မောင်စံထွန်းကို စစ်တပ်က တပ် သားသစ်အဖြစ် စုဆောင်းရန် ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ

Must read

ရန်ကုန်၊ မတ် ၁၂

ရန်ကုန်မြို၊ ဗဟန်းမြိုနယ်နေ စိတ်ကျန်းမာရေးချိုတဲ့သူ၊ ဝိတ်ဝေဒနာရှင် မောင်စံထွန်းကို စစ်တပ်က တပ်သား သစ်အဖြစ် အတင်းအဓမ္မစုဆောင်းသွားပြီးနောက် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း မောင်စံထွန်း၏ အစ်မဖြစ်သူက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

ယမန်နေ့ မတ်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် အသက် ၂၅ နှစ်အရွယ် စိတ်ဝေဒနာရှင် မောင်စံထွန်းသည် နေအိမ်မှ မုန့်ဝယ်သွားမည်ဟုဆိုကာ ထွက်ခွာသွားပြီးနောက် ပျောက်ဆုံးသွားကြောင်း၊ ထိုနောက် မွန်းတည့် ၁၂ နာရီခန့်တွင် မင်္ဂလာဒုံစစ်သားစုဆောင်းရေးတပ်မှ တာဝန်ကျ စစ်သည်တစ်ဦး၏ ဖုန်းဖြင့် ၎င်းထံ ခေါ်ဆို၍ စစ်တပ်ထဲရောက်ရှိနေကြောင်း အသိပေးပြီးနောက် အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

“ဖုန်းဆက်တဲ့သူကို‌ “အစ်ကိုက ဘယ်တပ်ကလည်းမေးလိုက်တော့ စုဆောင်းရေးတပ်ကပဲတဲ့၊ကျနော် က တာဝန်ချိန်မိုလိုတဲ့ လှည့်ကင်းနဲ့မို သူက ဖုန်းဆက်ပေးပါဆိုလို ဖုန်းဆက်ပေးတာတဲ့၊ ပြီးတော့ အမ တိုအိမ်ကသဘောမတူရင် သူတိုစစ်ထဲကို မထည့်ပေးပါဘူးတဲ့၊ ပြီးတော့လည်း စစ်ထဲဆိုပေမယ့် စစ် တိုက်တဲ့အထဲမဟုတ်ဘဲနဲ့ ရေတပ်တို လေတပ်တို ထဲကို ထည့်ပေးလိုရပါတယ်တဲ့၊ ဒီကလေးကို ဘယ် မှ မထည့်ဘူး၊ သူက ကျန်းမာရေးလည်းမကောင်းဘူး၊ ယဉ်ယဉ်လေးနဲ့ဖြစ်နေတာ၊ စာရွက်စာတမ်း တွေလည်းရှိတယ်ဆိုပြီးတော့ အဲဒီဖုန်းဆက်တဲ့စစ်သားကို ပြောပြတယ်၊ အဲဒီတော့သူကဘာပြန်ပြော လဲဆိုတော့“ကျနော်ကြည့်တော့ အကောင်းပါ” ဆိုပြီး ပြန်ပြောတယ်” ဟု အတင်းအဓမ္မစစ်သား အ ဖြစ်စုဆောင်းခံရသူမောင်စံထွန်း၏ အစ်မဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြား သည်။

မင်္ဂလာဒုံစစ်သားစုဆောင်းရေးတပ်သို လိုက်သွားသည့်အချိန်တွင် တာဝန်ကျစစ်သားများနှင့်တွေ့ ဆုံ ပြီး အချက်အလက်များပေးထားခဲ့ရကြောင်း၊ ဗဟန်း ၃ လမ်းတွင် စိတ်ဝေဒနာရှင် မောင်စံထွန်းကို လူနှစ်ဦးက ခေါ်ဆောင်သွား သည်ဟုသာသိရပြီး မည့်သည့်သတင်းအစအနမျှမရှိဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

“သူ့ကို လူနှစ်ယောက်ကခေါ်လာတာတဲ့၊အခုကျနော်က တက္ကစီခတောင်ရှင်းပေးထားရတယ်တဲ့၊ ၁၈၀၀၀ ကျတယ်တဲ့၊ အဲဒီစုဆောင်းရေးတပ်က လှည့်ကင်းလှည့်နေတယ်ဆိုတဲ့ စစ်သားက ပြောတာနော်၊ အဲဒါနဲ့ အဲဒီ ၁၈၀၀၀ ထောင်ပြန်လွှပေးမယ်၊ အဲဒီကလေးကို ကားပေါ်တင်ပေးပြီး ပြန်လွှတ်ပေးပါ၊ မတင်ပေးဘူးဆိုရင် လာခေါ်ပါ့လို ပြောလိုက်တဲ့အချိန်မှာ နာရီဝက်လောက်ပဲရှိသေး တယ်၊ ဖုန်းပြန်ဆက်ပြီးတော့ ပျောက်သွားတော့တာ၊ ကလေးနဲ့လုံးဝအဆက်အသွယ်မရတော့၊ အခုဒီနေ့မနက်အထိပဲ” ဟု မောင်စံထွန်း၏ အမဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

အတင်းအဓမ္မစစ်သားအဖြစ် စုဆောင်းခံရသူ မောင်စံထွန်းသည် အသက် ၂၅ နှစ်အရွယ် ဝန်းကျင်ရှိပြီး ၎င်းတွင် စိတ်ကျန်းမာရေးမကောင်းသည်ကို ရပ်ကွက်အုပ်ချုပ်ရေးကလည်း ထောက်ခံအသိပေးထား ကာ စိတ်ကျန်းမာရေးဆေးရုံ တက်ရောက်ကုသနေရသည့်မှတ်တမ်းများလည်း ရရှိထားသူဖြစ် ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article