25 C
Yangon

တကောင်းမြို့အနီးတိုက်ပွဲအတွင်း စစ်သား ၁၄ ဦးသေဆုံးပြီး ၄ ဦးအရှင်ဖမ်းမိ ၊လက်နက် ၁၈ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

တကောင်းမြို့အနီးတိုက်ပွဲအတွင်း စစ်သား ၁၄ ဦးသေဆုံးပြီး ၄ ဦးအရှင်ဖမ်းမိ ၊လက်နက် ၁၈ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ မတ် ၁၂

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား အလောင်း ၁၄ လောင်း နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

မတ်လ ၅ ရက်နေ့ တကောင်းမြို့မှ ချီတက်လာသော စစ်ကောင်စီတပ်၊ တတက ၁၃ မှ ဒု-ဗိုလ်မှူး ကြီး ရဲခေါင် ဦးစီးပါ အင်အား ၉၅ ဦးပါ စစ် ကြောင်း ၁ နှင့် တကောင်းမြို့မှ တတက ၁၃ မှ ချီတက်လာသော ဗိုလ်ကြီး ထိန်လင်း ဦးစီးပါ အင်း ၇၀ ခန့်ရှိ စစ်ကြောင်း ၂ တို့သည်မတောင်ရွာ၊ မန်ကျည်းကုန်းရွာနှင့် ဆင်ညှပ်ကုန်းကျေးရွာနှင့်လက်ပံကုန်းကျေးရွာတို့ဘက်သို့ စစ်ကြောင်းထိုးလာစဥ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ မတ် ၇ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ အ ကြမ်း ဖက်စစ် သား ၁၄ ဦးသေဆုံးပြီး အလောင်းနှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများထံမှ လက်နက်ငယ် ၁၈ လက်၊ ကျည်မျိုးစုံ ၄၂၀၀ ကျော်၊ ဗုံးသီးမျိုးစုံ အလုံး ၃၀ ကျော်၊ စစ်အသုံးအဆောင်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို အထူးလှုပ်ရှား တပ်ရင်း – ၃၊ အမှတ် ၅၁၁ တပ်ရင်း၊ အမှတ် ၅၁၂ တပ်ရင်း၊ မန္တ လေးတိုင်း ဒရုန်းတပ်ဖွဲ့နှင့် သပိတ်ကျင်းမြို့နယ် ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီးတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၃ ကြိမ်အပြင် စက်သေနတ်ဖြင့် ၁၀ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်မူ တကောင်း တိုက်ပွဲများအတွင်း စစ်သား ၁၄ ဦး သေဆုံးကာ ၄ ဦးအရှင်ဖမ်းဆီးရရှိကြောင်း ၊ လက်နက်မျိုးစုံ ၁၈ လက်၊ ခဲယမ်းမီးကျောက်များ သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေး ရဲဘော် ၁ ဦး ကျဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article