ရန်ကုန်၊ မတ် ၁၃
မန္တလေးတိုင်း၊ မြင်းခြံမြိုနယ် ဆိတ်ကုန်းကျေးရွာနှင့် သင်ပြွန်းကျေးရွာကို စစ်တပ်က မီးရှိဖျက်ဆီးခဲ့ရာ အသက် ၆၀ နှစ်အရွယ် အဘွားအိုတစ်ဦး မီးစွဲလောင် သေဆုံးခဲ့ရပြီး နေအိမ်အများအပြားလည်း ပြာကျခဲ့ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။
မတ်လ ၁၂ ရက်နေ့ နံနက် ၇ နာရီအချိန် အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြင်းခြံမြိုနယ်၊ သင်ပြွန်းကျေးရွာအတွင်းသို ဝင်ရောက်လာကြောင်း၊ ယင်းနောက် စစ်တပ်က ကျေးရွာအတွင်းရှိ တန်ဖိုးရှိ ပစ္စည်းများ ကို လုယက်ဖောက်ထွင်းကြကြောင်း၊ လုယက်ဖောက်ထွင်းကြပြီးနောက် သင်ပြွန်းကျေးရွာကို မီးတင်ရှိကြကြောင်း သိရှိရသည်။
“မနေ့ မနက် ၇ နာရီလောက်မှာ စစ်တပ်က အင်အားအများအပြားနဲ့ ပစ်ခတ်ပြီး ဝင်ရောက်လာတယ်။ ပစ္စည်းတွေ လုယက်တယ်။ နောက်ပြီး ကျေးရွာကို မီးတင်ရှိပါတယ်။ မီးရှိတော့ အသက် ၆၀ နှစ်အရွယ် အဘွားတစ်ဦးက မပြေးနိုင်ဘူး။ မပြေးနိုင်တော့ မီးထဲပါသွားတယ်။ ရွာအနောက်ဘက်အခြမ်းမှာ ၂ အိမ်ပဲ ကျန်တယ်။ ကျန်တာ အကုန်ပြာကျတယ်။ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ ရွာမှာ PDF လည်းမရှိဘူး။ အေးချမ်းတဲ့ရွာလေးပါ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
ယင်းနောက် ယမန်နေ့ မတ်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်တပ်က သင်ပြွန်းကျေးရွာမှ ဆိတ်ကုန်ကျေးရွာသို ခြေလျင် စစ်ကြောင်းထိုးပြီး ရွာအတွင်း တပ်စွဲကြောင်း၊ ကျေးရွာအတွင်း အိမ်များကို ဖောက်ထွင်း၍ သောက်စား မူးယစ်ကြပြီး ည ၇ နာရီအချိန် ဆိတ်ကုန်ကျေးရွာကို မီးတင်ရှိကြကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် ကျေးရွာမှ ပြန်လည် ထွက်ခွာသွားကြကြောင်း သိရှိရသည်။
“မနေ့ မနက်က သင်ပြွန်းရွာကို မီးရှိပြီး ဆိတ်ကုန်းရွာဘက်ကို စစ်ခွေတွေ ခြေလျင်လာကြပါတယ်။ ရွာထဲမှာရှိတဲ့ ၂ အိမ် ၃ အိမ်လောက်ကို တပ်စွဲပြီး သောက်စားကြတယ်။ မနေ့ ည ၇ နာရီလောက်က စပြီး ရွာကို မီးရှိပါတယ်။ ထောင့်လေးထောင့်က အိမ်တွေကို ရှိတယ်။ အိမ်ခြေ ၁၃ လုံးလောက်ပါသွားပါတယ်။ ဒီမနက်မှ ပြန် သွားကြပြီ။ ပျိုးကန်ရွာကို မီးရှိဖို ထွက်သွားကြတယ်။ စစ်တပ် အင်အားများပါတယ်” ဟု ဆိတ်ကုန်းကျေးရွာသားတစ်ဦးက ရှင်းပြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar