25 C
Yangon

ဝိုင်းမော်မြို့နယ် တိုက်ပွဲအတွင်း ပိတ်မိနေသော ကျေးရွာ ၂ ရွာမှ ပြည်သူ ၁၀၀၀ ကျော်ကို အရပ်ဘက် အဖွဲ့အစည်းများ ကယ်ထုတ်

Must read

ဝိုင်းမော်မြို့နယ် တိုက်ပွဲအတွင်း ပိတ်မိနေသော ကျေးရွာ ၂ ရွာမှ ပြည်သူ ၁၀၀၀ ကျော်ကို အရပ်ဘက် အဖွဲ့အစည်းများ ကယ်ထုတ်

ရန်ကုန်၊ မတ် ၁၄

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် တိုက်ပွဲအတွင်း ပိတ်မိနေသော ကျေးရွာ ၂ ရွာမှ ပြည်သူ ၁၀၀၀ ကျော်ကို အရပ်ဘက် အဖွဲ့အစည်းများ ကယ်ထုတ်နိုင်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၃ ရက်နေ့တွင် ဝိုင်းမော်မြို့နယ်၊ အောင်မြေ ၂ ကျေးရွာနှင့် ရွှေညောင်ကျေးရွာတွင် တိုက်ပွဲများကြောင့် ပိတ်မိနေသော ပြည်သူ ၁၀၀၀ ကျော်ကို Peace Creation Group မှ ဦးဆောင်ပြီး ဘာသာရေး ဆိုင်ရာ အဖွဲ့အစည်းများ လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းများ ဝိုင်းဝန်းကူညီမှုဖြင့် တွဲကား ၅၀ ခန့်ဖြင့် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူများကို ဝိုင်းမော်မြို့ကို ခေါ်ဆောင်လာပြီး ရှမ်းတိုင်းရင်းသား စစ်ဘေးရှောင် ပြည်သူများကို မိုင်းလား IDP စခန်းကို ပို့ဆောင်ထားကြောင်း သိရှိရသည်။

“ဝိုင်းမော်မြို့ အောင်မြေ ၂ နဲ့ ရွှေညောင် ကျေးရွာက ပိတ်မိနေတဲ့ ပြည်သူတွေ အားလုံးကို ခေါ်ယူထုတ်နိုင်ခဲ့တယ်။ မနေ့က မွန်းလွဲ ၁၂ နာရီလောက်က သွားခေါ်တာ ညနေ ၄ နာရီခွဲ လောက်အထိ ကြာမြင့်ခဲ့တယ်။ စစ်ဘေးရှောင်ပြည်သူတွေက အောင်မြေ ၂ ရဲ့ ဘုန်းကြီးကျောင်းမှာ စုနေတာပေါ့။ ၉ မိုင်ဘုန်းကြီးကျောင်းပေါ့။ ရှမ်းတိုင်းရင်းသားတွေ အများဆုံး ကချင် တိုင်းရင်းသားတွေကတော့ ၄ ပုံ ၁ ပုံလောက် အဲတော့ ရွှေညောင်ပင်ကလည်းဆိုတော့ အကုန်လုံး ပေါင်းလိုက်ရင်တော့ ပြည်သူတွေ ထောင်ကျော်လောက်ရှိတယ်။ ကားတွေလည်း အစီး ၅၀ လောက်ရှိမယ် တွဲကားတွေနဲ့ သွားခေါ်ထုတ်လာတာ ၄ နာရီလောက်မှာ ဝိုင်းမော်မြို့ကို ပြန်ဝင်တယ်။ ရှမ်းတိုင်းရင်းသားတွေကျတော့ မိုင်းလား IDP မှာ အခြေချထားတယ်” ဟု ဒေသနေ ပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် အောင်မြေ ၁ ကျေးရွာမှ KIA ၊ KPDF ပူးပေါင်း တပ်များက ပြန်လည် ဆုတ်ခွာသွားပြီး အကြမ်းဖက် စစ်တပ်နှင့် စစ်တပ် လက်အောက်ခံ လီဆူ ပြည်သူ့စစ်အဖွဲ့က အောင်‌မြေ ၁ ရွာတွင် ပြန်လည် တပ်စွဲထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article