29 C
Yangon

ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ဒါဆိုင်းတောင်စစ်တပ်စခန်းကို KIA သိမ်းပိုက်ရရှိ

Must read

ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ဒါဆိုင်းတောင်စစ်တပ်စခန်းကို KIA သိမ်းပိုက်ရရှိ

ရန်ကုန်၊ မတ် ၁၄

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ဒါဆိုင်းတောင်ရှိ အကြမ်း ဖက်စစ်ကောင်စီတပ်စခန်းကို KIA တပ် ဖွဲ့ က သိမ်းပိုက်ရရှိသွားပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။

ယနေ့ မတ်လ ၁၄ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်အချိန် ဗန်းမော်ခရိုင်၊ မိုးမောက် မြို့နယ် ဒါဆိုင်းတောင်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ် ကောင်စီတပ်ဘက်ကလည်း လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်ခြင်း လုပ်ဆောင်နေကြောင်း သိရသည်။

“ဒါဆိုင်းတောင်ကို KIA သိမ်းပိုက်မိသွားပြီ၊ မနေ့ကတည်းက အဲဒီစခန်းသိမ်းဖို့ KIA တွေ အများကြီး ဆင်းလာတာ၊ စစ်တပ်ဘက်ကလည်း စစ်အင်အားတွေ ထပ်ဖြည့်တယ်၊ တိုက်တာကတော့ မနေ့က တည်းက စတိုက်တာ၊ စစ်တပ်ဘက်ကလည်း လေယာဉ်နဲ့ ဗုံးကျဲတယ်၊ စစ်ခွေးတွေက တောင်ပေါ်က နေချတာ၊ မလွယ်လောက်ဖူးထင်နေတာ၊ ဒီမနက် ၈ နာရီကျော်ကျော်လောက်မှာတော့ သိမ်းပိုက်မိ သွားပြီ” ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။

လတ်တလော ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်အတွင်း၌ ၇ မိုင်တပ်စခန်း၊ ၅ မိုင်ဂိတ်စခန်း၊ နန့်ဖားတပ်စခန်းနှင့် ဗန်းမော်ထောင် ရှေ့တို့ရှိ တပ်စခန်း များသိမ်းပိုက်မိပါက ဗန်းမော်မြို့ကို သိမ်းပိုက်နိုင်တော့မည်ဖြစ်ကြောင်း ၎င်းက ဆက် လက် ပြော ဆိုသည်။

မတ်လ ၇ ရက်နေ့တွင် စတင်ခဲ့သည့် စစ်ဆင်ရေးအတွင်း ဗန်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်၊ ဝိုင်း မော် မြို့နယ်နှင့် ဖားကန့်မြို့နယ်တို့အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းပေါင်း ၂၀ ကျော်ကို KIA တပ်ဖွဲ့က သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီ၏ ရဟတ်ယာဉ်တစ်စင်းကိုလည်း ထိမှန်သည် ပစ် ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်နှင့် ၀ိုင်းမော်မြို့နယ် အပါ အဝင် မြို့နယ်များတွင် စစ်ဆင်ရေးများဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေမည်ဖြစ်၍ ပြည်သူများ သတိပြု နေထိုင်ကြရန် KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက သတိပေးပြောဆိုထားသည်။

ဓာတ်ပုံ- KIA တပ်ဖွဲ့ဝင်တစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- Agency ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article