32 C
Yangon

မိုးမောက်မြို့နယ်တွင် KIA သိမ်းပိုက်ရရှိခဲ့သော ခမရ-၂၃၇ အထိုင် တပ်ရင်းစခန်းမှ လက်နက်ကြီး၊ လက်နက်ငယ် ၂၀၀ ကျော် သိမ်းဆည်းရရှိ၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြား

Must read

မိုးမောက်မြို့နယ်တွင် KIA သိမ်းပိုက်ရရှိခဲ့သော ခမရ-၂၃၇ အထိုင် တပ်ရင်းစခန်းမှ လက်နက်ကြီး၊ လက်နက်ငယ် ၂၀၀ ကျော် သိမ်းဆည်းရရှိ၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြား

ရန်ကုန်၊ မတ် ၁၄

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် KIA သိမ်းပိုက်ရရှိခဲ့သော ခမရ-၂၃၇ အထိုင် တပ်ရင်းစခန်းမှ လက်နက်ကြီး၊ လက်နက်ငယ် ၂၀၀ ကျော် သိမ်းဆည်းရရှိပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် မိုးမောက် မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ-၂၃၇ အထိုင် တပ်ရင်း (ဒါဆိုင်း) တပ်စခန်းကို KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့က အပြီးသတ် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ် ၂၀၀ ကျော် သိမ်းဆည်းရရှိကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများလည်း ထိခိုက်သေဆုံးမှု များပြားကြောင်း သိရှိရသည်။

“မိုးမောက်မြို့ နဲ့ ၁၂ မိုင် အကွာမှာရှိတဲ့ စကခ-၂၁ လက်ကောက်ခံ ခမရ-၂၃၇ အထိုင်တပ်ရင်း ဌာနကို မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်။ လက်နက်ငယ် အလက် ၁၀၀ ကျော် ရတယ်။ လက်နက်ကြီးတွေလည်း အများကြီးရတယ်။ လက်နက်ကြီး၊ လက်နက်ငယ် အားလုံးပေါင်း အလက် ၂၀၀ ကျော်သိမ်းဆည်းရရှိထားပါတယ်။ စစ်ခွေး သေဆုံးမှုများတယ်။ ခဲယမ်းတွေ ရေတွက်လို့ မကုန်ဘူး” ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

1 COMMENT

Comments are closed.

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article