25 C
Yangon

စစ်ကိုင်းမြို့နယ်တွင် လူသတ်မှု၊ ဓားပြမှု ကျူးလွန်နေသော ပျူစောထီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းဆီး

Must read

စစ်ကိုင်းမြို့နယ်တွင် လူသတ်မှု၊ ဓားပြမှု ကျူးလွန်နေသော ပျူစောထီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းဆီး

ရန်ကုန်၊ မတ် ၁၆

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် လူသတ်မှု၊ ဓားပြမှု ကျူးလွန်နေသော ပျူစောထီး ၁ ဦးကို အရှင်ဖမ်းဆီးခဲ့ကြောင်း Taw Twin Tup Pee Local PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၈ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ ဆင်တပ်ရွာမှ ပျူစောထီး နန်းအောင် ကို ကံတလူတိုးဂိတ်အနီးတွင် Taw Twin Tup Pee Local PDF အဖွဲ့က အရှင်ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသော ပျူစောထီး နန်းအောင် သည် နယ်ထိန်း ရဲဟောင်း လွှမ်းမိုးနိုင် ဆိုသူနှင့် ပြစ်မှုများ ကျူးလွန်ခဲ့ကြောင်း ဝန်ခံပြီး ကားလမ်းပိုင်းများတွင် ဓားပြတိုက်ခြင်း၊ ပိုက်ဆံကောက်ခြင်း ပြစ်မှု အမျိုးမျိုး ကျူးလွန်ထားပြီး PDF များ သိက္ခာကျဆင်းရန် လုပ်ဆောင်နေသူဖြစ်ကြောင်း၊ ထို့ပြင် ဆင်တပ်ရွာ NLD ပါတီ ဥက္ကဋ္ဌ ဟောင်းကိုလည်း နယ်ထိန်း ရဲဟောင်း လွှမ်းမိုးနိုင်ဆိုသူနှင့်ဆင်တပ်ရွာမှ ပျူစောထီးများက သတ်ဖြတ်ခဲ့သည်ဟု စစ်ဆေးမေးမြန်းစဉ် ဝန်ခံခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ သတင်းပေးချက်အရ သူ့ကို ဖမ်းဆီးခဲ့တာ ဆင်တပ်ရွာက NLD ပါတီ ဥက္ကဋ္ဌ ဟောင်းကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဝန်ခံတယ်။ ဓားပြတိုက်တာရော ကျူးလွန်ထားတာတွေ အများကြီးပဲ သူ့ကို ခရိုင် PDF တပ်ရင်းကို လွှဲလိုက်ပြီး သူ့အပြစ်ကို သူခံယူရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ အရှင်မိတဲ့သူတိုင်းကို မသတ်ပါဘူး” ဟု Taw Twin Tup Pee Local PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီထံတွင် တာဝန်ထမ်းနေပြီး အလင်းဝင်လိုသော စစ်ကောင်စီ တပ်သားများအနေဖြင့် Taw Twin Tup Pee Local PDF ကို ဆက်သွယ်နိုင်ကြောင်း၊ အလင်းဝင်လိုသော စစ်ကောင်စီ တပ်သားများကို အသက်အာမခံပြီး ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း Taw Twin Tup Pee Local PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article