25 C
Yangon

နွားထိုးကြီးမြို့နယ်၊ နနွင်းတော်ဘို့ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု ပြည်သူပိုင် ပစ္စည်းများနှင့် နေအိမ် ၁၉ လုံး မီးလောင် ပြာကျ

Must read

နွားထိုးကြီးမြို့နယ်၊ နနွင်းတော်ဘို့ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု ပြည်သူပိုင် ပစ္စည်းများနှင့် နေအိမ် ၁၉ လုံး မီးလောင် ပြာကျ

ရန်ကုန်၊ မတ် ၁၆

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နနွင်းတော်ဘို့ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် ပြည်သူပိုင် ပစ္စည်းများနှင့် နေအိမ် ၁၉ လုံး မီးလောင် ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့တွင် နနွင်းတော်ဘို့ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခြင်းကြောင့် ပြည်သူပိုင် ပစ္စည်းများနှင့် နေအိမ် ၁၉ လုံး မီးလောင် ပြာကျခဲ့ပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

” ၁၄ ရက်နေ့က နနွင်းတော်ဘို့ရွာကို အကြမ်းဖက် စစ်ခွေးတွေနဲ့ ပျူခွေးတွေက မီးရှို့ဖျက်ဆီးလို့ ပြည်သူပိုင် ပစ္စည်းတွေနဲ့ နေအိမ် ၁၉ လုံး မီးလောင်ပြာကျခဲ့ပါတယ်။ လက်ရှိတော့ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် နနွင်းတော်ဘို့ရွာရှိ လူနေအိမ် ၁၉ လုံး ၊ မီးဖိုဆောင် ၄ လုံး ၊ ထော်လာဂျီ ၂ စီး ၊ ဆိုင်ကယ် ၄ စီး ၊ ရေမော်တာစက် ၁၉ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article