30 C
Yangon

ကန့်ဘလူမြို့နယ်၊ ပေကြီးရွာသား ၁ ဦးကို စစ်တပ်က ဦး ခေါင်းဖြတ်၍ သတ်ဖြတ်ပြီး နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီး၊ ရွာကုန်းကြီးရွာကိုလည်း စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ကန့်ဘလူမြို့နယ်၊ ပေကြီးရွာသား ၁ ဦးကို စစ်တပ်က ဦး ခေါင်းဖြတ်၍ သတ်ဖြတ်ပြီး နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီး၊ ရွာကုန်းကြီးရွာကိုလည်း စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ မတ် ၁၆

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပေကြီးရွာသား ၁ ဦးကို အကြမ်းဖက် စစ်တပ်က ဦးခေါင်းဖြတ်၍ သတ်ဖြတ်ပြီး နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

မတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်းရွာသစ် မီးရုံးမှ လူချိန်းပြီး ထွက်လာသော အကြမ်းဖက် စစ်တပ်၏ ခြေမြန်တပ်ရင်း ၃၆၁ မှ စစ်သားများ နှင့် ပျူစောထီး စုပေါင်း အင်အား ၁၈၀ ခန့်သည် ပေကြီးရွာမှ အသက် ၃၅ နှစ်အရွယ် ဦးခင်မောင်ဦးကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ဖြတ်ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မတ်လ ၁၄ ရက်နေ့က ဇီးကုန်းသကြားစက်အထိုင်မှ ထွက်လာပြီး ပေကြီးရွာ၌ တစ်ညအိပ် တပ်စွဲကာ မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ငှက်ပျောတိုင်း ရွာသစ် မီးရုံး အထိုင်ကို ဝင်ရောက်ခဲ့ကြောင်း၊ ယင်းနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မီးရုံးအထိုင် စစ်ကြောင်းနှင့် လူချိန်းပြီး ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းအတိုင်း ငှက်ပျောတိုင်းရွာသစ်မှ တောင်ဘက်ကို ဦးတည်ထွက်ခွာကာ ပေကြီးရွာကို ထပ်မံ ဝင်ရောက်ကာ ပြည်သူ ၁ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ် ကြောင်း သိရှိရသည်။

ထို့ပြင် မတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးရွာ အနီးကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ Jetfighter တစ်စီးဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article