25 C
Yangon

လက်ပံတန်းမြို့နယ်၊ ထန်းပင်ချောင်ရွာ အနီးဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၆ ဦးသေဆုံး၊ အုတ်တွင်းမြို့နယ်၊ လှေဆွဲမြောင်းရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေ

Must read

လက်ပံတန်းမြို့နယ်၊ ထန်းပင်ချောင်ရွာ အနီးဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၆ ဦးသေဆုံး၊ အုတ်တွင်းမြို့နယ်၊ လှေဆွဲမြောင်းရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲနေ

ရန်ကုန်၊ မတ် ၁၇

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ထန်းပင်ချောင်ရွာ အနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၆ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာအုပ်စု၊ ထန်းပင်ချောင်ရွာမှ ပဲခူးရိုးမ အတွင်း စစ်ကြောင်းထိုး လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် သာယာဝတီဂဠုန်တပ်ဖွဲ့တို့ မိနစ် ၃၀ ကျော်ခန့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်း ထိတွေ့တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာ ရရှိထားသူများလည်းရှိကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော်များ၏ ရှေ့ထွက်မိုင်း ၂ လုံး ဆုံးရှုံးခဲ့ပြီး ရဲဘော်များ အထိအခိုက်မရှိဘဲ စစ်ကောင်စီ တပ်သားများ ဆုတ်ခွာ ထွက်ပြေး သွားကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီဂဠုန်တပ်ဖွဲ့က “ပဲခူးတိုင်း နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ်” အကောင်အထည်ဖော် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အုတ်တွင်းမြို့နယ်၊ လှေဆွဲမြောင်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မတ်လ ၁၇ ရက်နေ့ ညနေပိုင်းတွင် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေပြီး ပြည်သူများ ထိခိုက် ဒဏ်ရာရရှိမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း ဒေသနေ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article