■ စစ်မှုထမ်းဥပဒေဖြင့် ခေါ်ယူ စစ်သင်တန်းပေးထားသော မွတ်စလင်များ တိုက်ပွဲအတွင်း သေဆုံးခဲ့ပြီး အလောင်း များရရှိထား
ရန်ကုန်၊ မတ် ၁၈
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း ၃ ခုကို AA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရသေ့တောင်ကို AA က အပြီးသတ်ရရှိကာ AA သိမ်းပိုက်ထားသော မြို့ ၉ မြို့ရှိလာပြီဖြစ်သည်။
မတ်လ ၁၇ ရက်နေ့ ညနေ ၄ နာရီအချိန် ရသေ့တောင်မြိုအခြေစိုက်တပ်ရင်းများဖြစ်သည့် “ခမရ ၅၃၆ ၊ ၅၃၇ နှင့် ၅၃၈ ” တပ်ရင်း ၃ ခုစလုံးကို ရက္ခိုင့်တပ်တော်AA က အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ စစ်ကောင်စီက ကြည်း၊ ရေ၊ လေပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန်ခုခံနေသည့်ကြားမှ အဆိုပါ တပ်ရင်း ၃ ခုစလုံးကို သီတင်းနှစ်ပတ်ခန့် ထိုးစစ်ဆင် တိုက်ခိုက်မှုအပြီးတွင် ယခုကဲ့သို သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ရသေ့တောင် တပ်ရင်း ၃ ခုမှ စစစ်သား အင်အား ၂၀၀ ခန့်သည် စစ်သင်္ဘောများဖြင့် ကိုယ်လွတ်ရုန်း ထွက်ပြေးလွတ်မြောက်သွားသော်လည်း စစ်မှုထမ်းဥပဒေကို ခုတုံးလုပ်ပြီး စစ်ကောင်စီက လောလောလတ်လတ် စစ်သင်တန်းပေးထားသော မွတ်စလင်တချို့၏ အလောင်းများ၊ စစ်ကောင်စီတပ်၏ အလောင်းများ၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် AA က ပလက်ဝမြို့နယ်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြေပုံမြို့ နယ်၊ ရမ်းဗြဲမြို့နယ်နှင့် ယခုနောက်ဆုံး ရသေ့တောင်မြို့နယ်တို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ရာ AA က သိမ်းပိုက်ထားသော မြို့နယ် ၉ ခုရှိလာပြီဖြစ်သည်။
ထို့ပြင် AA က ဘူးသီးတောင်မြို့အတွင်းရှိ စကခ ၁၅ လက်အောက်ခံ၊ ခမရ ၅၅၂ တပ်ရင်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်အား အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ရက္ခိုင်ဒေသတွင် စစ်ရှုံးကာ မြို့များ တစ်မြို့ပြီးတစ်မြို့ လက်လွှတ်နေရသည့် အကြမ်းဖက်စစ်ကောင်စီက စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ သာသနိကအဆောက်အအုံများ၊ လမ်းတံတားများ စသည့် ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်သည့် လုပ်ရပ်များကိုသာ ပိုမိုလုပ်ဆောင်လာကာ စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှကျူးလွန်လျက်ရှိကြောင်း၊ စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေမှု များကြောင့် အပြစ်မဲ့အရပ်သားပြည်သူတို၏ဒဏ်ရာရ သေဆုံးမှုများမှာလည်း တစ်ရက်ထက်တစ်ရက် ပိုမိုမြင့်တက်လျက်ရှိကြောင်း AA က ထုတ်ပြန် ထောက်ပြထားသည်။
ဓာတ်ပုံ- AA က တိုက်ခိုက်သိမ်းပိုက်လိုက်သော ရသေ့တောင်မြို့နယ်ရှိ ခမရ ၅၃၆ ၊ ၅၃၇ နှင့် ၅၃၈ တပ်ရင်းများ၏ တည်နေရာပြ မြေပုံ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
