25 C
Yangon

စစ်ကောင်စီ လက်အောက်ခံ ခေါန်လန်ဖူးပြည်သူ့စစ်(ဌာနေ)မှ စစ်သား တစ်ဦး လက်နက်နှင့်တကွ အလင်းဝင်

Must read

ရန်ကုန်၊ မတ် ၁၈

ကချင်ပြည်နယ်၊ ပူတာအိုမြိုနယ်၊ ခေါင်လန်ဖူးဒေသ၊ ခေါင်လန်ဖူးပြည်သူ့စစ်(ဌာနေ)အဖွဲမှ ပြည်သူ့ စစ် တစ်ဦး လက်နက်နှင့်တကွ အလင်းဝင်ရောက်ခဲ့ကြောင်း ပူတာအို PDF တပ်ဖွဲမှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

ယနေ့ မတ်လ ၁၈ ရက် နံနက်ပိုင်းတွင် ခေါင်လန်ဖူးဒေသ၊ အောက်ရှန်ဂေါင်ရွာနေ ပြည်သူ့စစ်တပ် သား အသက် ၅၉ အရွယ် တပ်သားတစ်ဦးသည် ပြည်သူနှင့်တစ်သားတည်းရပ်တည်လိုသဖြင့် ၎င်းကိုင်ဆောင်သော လက်နက်ခဲယမ်းများ ယူဆောင်ကာ ပူတာအို PDF တပ်ဖွဲထံသို အလင်းဝင် လာခဲခြင်းဖြစ်ကြောင်း သိရသည်။

“အလင်းဝင်လာတဲ့သူက ခေါင်လန်ဖူးပြည်သူ့စစ်စခန်းက၊ အဲဒီစခန်းထဲမှာ ထွက်လာချင်တဲ့ ပြည်သူ့ စစ် ၂၀ လောက်ရှိသေးတယ်၊ စစ်ကောင်စီတပ်သားတွေရှိနေလို ထွက်မလာရတာလို ပြောတယ်။ တိုက်ပွဲကလည်း စတာကြာပြီ၊ လောလောဆယ်တော့ တိုက်ပွဲပြင်းထန်နေတဲ့အခြေအနေမို တပ်မ ဟာ ဘက်ကို ပိုဖြစ်ဖိုများတယ်” ဟု ပူတာအို PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို ပြောကြားသည်။

အဆိုပါ တပ်သား ထွက်ပြေးလာသည့် ဆွမ်ဘရာဘွမ်စခန်းသည် အကြမ်းဖက်စစ်သား အင်အား ၃၀ ခန့်ရှိပြီး စစ်ရေးတင်းမာနေသဖြင့် ပြည်သူနှင့်အတူ တစ်သားတည်းရပ်တည်လိုသည့် ပြည်သူ့စစ် ၂၀ ခန့် မှာ ထွက်ပြေးလာနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ပြည်သူနှင့်အတူ ရပ်တည်ရန် ရဲရဲ ဝံ့ဝံ့စွန့်စွန့်စားစား ထွက်ပြေးလာသည့် ရဲဘော်ကို ကောင်းမွန်စွာ ကြိုဆိုထားပြီး ကျန်ရှိနေသော ရဲဘော်များအနေဖြင့်လည်း အချိန်မီလာရောက်ပူးပေါင်းကြရန် ပူတာအို PDF က ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article