25 C
Yangon

ဆီဆိုင်မြို့နှင့် မောက်မယ်မြို့နယ်ရှိ ပြည်သူများ နေထိုင်ရာ နေရာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်မှတ်ထား တိုက်ခိုက်

Must read

ဆီဆိုင်မြို့နှင့် မောက်မယ်မြို့နယ်ရှိ ပြည်သူများ နေထိုင်ရာ နေရာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်မှတ်ထား တိုက်ခိုက်

ရန်ကုန်၊ မတ် ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နှင့် မောက်မယ်မြို့နယ်ရှိ ပြည်သူများ နေထိုင်ရာ နေရာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း PNLA သတင်းနှင့် ပြန်ကြားရေးဌာန က ထုတ်ပြန်ထား သည်။

ယမန်နေ့ မတ်လ ၁၉ ရက်နေ့က ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာ၌ တပ်စွဲထားသည့် အကြမ်းဖက် စစ်သားများက ဆီဆိုင်မြို့ကို လက်နက်ကြီးဖြင့် အချက် ၂၀ ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဆီဆိုင်မြို့ လမ်းမကြီးပေါ်နှင့် ကျေးရွာအချို့တွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်အများအပြား ရှိနေ ဆဲဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက် ကြီးဖြင့် အချက်ပေါင်း ၄၀ ကျော်ပစ်ခတ်ခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် ထားသည်။

အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု ၊ ထီရီးကျေးရွာအနီး တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

ယမန်နေ့ မတ်လ ၁၉ ရက် ညနေ ၄ နာရီခန့်က မောက်မယ်မြို့နယ်၊ ဟိုနမ့် ကျေးရွာအုပ်စု၊ ထီရီး ကျေးရွာအနီး ကောင်နွေတိုက်‌ တောင်ပေါ်တွင်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ အကြမ်းဖက်စစ်တပ် က အကြောင်းမဲ့ လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူများ အသုံးပြုသွားလာနေသည့် လမ်းအ နည်း ငယ်ပျက်စီးခဲ့ပြီး အခြား ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့သည့် နေရာသည် ပအိုဝ်းအမျိုးသားလွတ်မြောက် ရေး တပ်မတော် – PNLA ထိန်းချုပ်နယ်မြေအတွင်း၌ တည်ရှိပြီးလေယာဉ်ဖြင့် ဗုံး ၂ ကြိမ် ကျဲချ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် ပအိုဝ်းဒေသအား လက်နက်ကြီးများ၊ တိုက်လေယာဉ်များဖြင့် နေ့စဉ် ပစ်ခတ် တိုက်ခိုက်ဖျက်ဆီးနေခြင်းကြောင့် မိဘပြည်သူများအနေဖြင့် သတိဝီရိယကြီးစွာဖြင့် သွားလာကြရန် PNLA တပ်ဖွဲ့က အထူးတိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article