လက်ပံတောင်းတောင်ဒေသတွင် စစ်တပ်ကို လေယာဥ်ဆီတင်ပို့သည့် ကုမ္ပဏီများ ပိတ်ပင် တားဆီးပေးရန် တောင်းဆိုသည့် လူထုလှုပ်ရှားမှု သပိတ် ပြုလုပ်
ရန်ကုန် ၊ မတ်၂၀
စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်ဒေသတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်စစ်ကြောင်း ချီတက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သပိတ်ကို “ 𝗕𝗮𝗻 𝗝𝗲𝘁 𝗙𝘂𝗲𝗹𝘀 𝗘𝘅𝗽𝗼𝗿𝘁𝘀 𝗧𝗼 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗮𝘀𝗰𝗶𝘀𝘁 𝗗𝗶𝗰𝘁𝗮𝘁𝗼𝗿 ” စာသားကို ကိုင်ဆောင်ပြီး လက်ပံတောင်းတောင်ဒေသ ပြည်သူများ သပိတ်စစ်ကြောင်းက ယနေ့ မတ်လ ၂ဝ ရက်နေ့တွင် စစ်အာဏာရှင်စနစ်ကျရှုံးရေး လူထုဟစ်ကြွေးသံများနှင့် ချီတက်ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။
![](https://yktnews.com/wp-content/uploads/2024/03/432773662_772303008330641_2610878155031419462_n.jpg)
![](https://yktnews.com/wp-content/uploads/2024/03/433411471_772296548331287_8373549580736985288_n-1.jpg)
![](https://yktnews.com/wp-content/uploads/2024/03/433443321_772303061663969_3153906376297320200_n.jpg)