26 C
Yangon

ကလေးမြို့၊ စမ်းမြို့ရပ်ကွက်တွင် စစ်တပ်က လမ်းမပေါ်၌ ဗုံးကို သေနတ်ဖြင့် ပစ်ခတ် ဖောက်ခွဲခြင်းကြောင့် ကလေးငယ် ၁ ဦးသေဆုံး

Must read

ကလေးမြို့၊ စမ်းမြို့ရပ်ကွက်တွင် စစ်တပ်က လမ်းမပေါ်၌ ဗုံးကို သေနတ်ဖြင့် ပစ်ခတ် ဖောက်ခွဲခြင်းကြောင့် ကလေးငယ် ၁ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၀

စစ်ကိုင်းတိုင်း၊ ကလေးမြို့ စမ်းမြို့ရပ်ကွက်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူများကို အသိပေးခြင်းမရှိဘဲ လမ်းမပေါ်၌ ဗုံးကို သေနတ်ဖြင့် ပစ်ခတ် ဖောက်ခွဲခြင်းကြောင့် ကလေးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မတ်လ ၁၈ ရက်နေ့ ၉ နာရီခန့်တွင် ကလေးမြို့၊ စမ်းမြို့ရပ်ကွက်၊ ကမ္ဘောဇဘဏ် ၂ အနီးတွင် အကြမ်းဖက် စစ်တပ်က ပြည်သူများကို အသိပေးခြင်းမရှိဘဲ လမ်းမပေါ်၌ ဗုံးကို သေနတ်ဖြင့် ပစ်ခတ် ဖောက်ခွဲခြင်းကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ဘဏ်နားက တံတားမှာ ထောင်ထားတဲ့ ဗုံးကို စစ်သားတွေက လူတွေ သွားလာနေတုန်းမှာ သေနတ်နဲ့ ပစ်ပြီးခွဲတာ။ ဆိုက်တွဲနဲ့လာတဲ့ ဆိုက်တွဲသမားရော၊ ကလေးရော ဗုံးစထိပြီး ကလေးသေတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဗုံးကို အဝေးမှ သေနတ်ဖြင့်ပစ်ခွဲချိန်တွင် လမ်းပိတ်ခြင်းနှင့် လမ်းသွား လမ်းလာ ပြည်သူများကို သတိပေးခြင်းမရှိသောကြောင့် ဗုံးပေါက်ကွဲချိန်တွင် အသက် ၅ နှစ်အရွယ် မောင်ထန်းရှန်ဗန် သည် ပြင်းထန် ဒဏ်ရာရရှိကာ သေဆုံးခဲ့ပြီး ဘေးတွဲ ဆိုင်ကယ်မောင်းနှင်သူလည် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“လမ်းမကြီးမှာဆိုတော့ စဥ်းစားစရာပေါ့။ PDF ကထောင်ရင်လည်း ဒီလိုပြည်သူတွေသွားလာတဲ့လမ်းမကြီးမှာ ထောင်မှာမဟုတ်ဘူးလို့ ထင်တယ်” လို့ ဒေသနေပြည်သူ တစ်ဦးကပြောဆိုသည်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက် ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article