25 C
Yangon

မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က PDF ရဲဘော် ၁ ဦးနှင့် ပြည်သူ ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်ပြီး နေအိမ် ၁၄ လုံးနှင့် ဆိုင်ကယ် ၁ စီးကို မီးရှို့ဖျက်ဆီး

Must read

မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က PDF ရဲဘော် ၁ ဦးနှင့် ပြည်သူ ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်ပြီး နေအိမ် ၁၄ လုံးနှင့် ဆိုင်ကယ် ၁ စီးကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မတ် ၂၀

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက PDF ရဲဘော် ၁ ဦးနှင့် ပြည်သူ ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်ပြီး နေအိမ် ၁၄ လုံးနှင့် ဆိုင်ကယ် ၁ စီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုဘိုတောက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၀ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာမှ အင်အား ၆၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ညောင်ပင်သာကျေးရွာကို ဝင်ရောက် စီးနင်းပြီး မတ္တရာမြို့နယ် တိုက်နယ် ၅ ပကဖ ရဲဘော် ၁ ဦးနှင့်ပြည်သူ ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရှားစေးချက်(ကြီး) ကျေးရွာကို ထပ်မံ ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၁၄ လုံးနှင့် ဆိုင်ကယ် ၁ စီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရသည်။

“အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းနဲ့ ကျောက်တံတားကျေးရွာကနေ အင်အား ၆၀ လောက်နဲ့ စစ်ကြောင်း ၁ ကြောင်း နောက်ပြီး မတ္တရာမြို့နယ် သဖန်ကိုင်းရွာမှာ အင်အား ၁၂၀ နဲ့ စစ်ကြောင်း ၁ ကြောင်းက မတ္တရာမြို့နယ်ဘက် ညောင်ပင်သာရွာ ဘက်ကို စစ်ကြောင်း ထိုးဝင်ရောက်ပါတယ်။ တော်လှန်ရေး ရဲဘော် ၁ ဦးနဲ့ ပြည်သူ ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်ပြီး နေအိမ်တွေ ဆိုင်ကယ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာပါ” ဟု မတ္တရာမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုဘိုတောက်က ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မတ္တရာမြို့နယ်အတွင်း ထိတွေ့ တိုက်ပွဲခြင်းမရှိဘဲ ကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်ကာ ပြည်သူပိုင် နေအိမ်များနှင့် ပစ္စည်းများကို ပစ်မှတ်ထား မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article