26 C
Yangon

ရေနံချောင်းမြို့သို့ စစ်မှုထမ်းရမည့် လူငယ်များစာရင်း ပေးပို့ပြီး ပြန်လာသော အုပ်ချုပ်ရေးမှူး တင်ဝင်းနိုင်နှင့် ထွေအုပ်စာရေးစန်းနိုင်တို့ ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရေနံချောင်းမြို့သို့ စစ်မှုထမ်းရမည့် လူငယ်များစာရင်း ပေးပို့ပြီး ပြန်လာသော အုပ်ချုပ်ရေးမှူး တင်ဝင်းနိုင်နှင့် ထွေအုပ်စာရေးစန်းနိုင်တို့ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မတ် ၂၁

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ရေနံချောင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ စစ်မှုထမ်း စာရင်း ပေးပို့ပြီး ပြန်လာသော အုတ်ရှစ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်ဝင်းနိုင်နှင့် ထွေအုပ်စာရေး စန်းနိုင်တို့ကို ပစ် ခတ် ရှင်းလင်းခဲ့ရာ သေဆုံးသွားပြီဖြစ် ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ မတ်လ ၂၀ ရက်နေ့ ရေနံချောင်းမြို့နယ်၊ အုတ်ရှစ်ကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး တင်ဝင်းနိုင်နှင့် ထွေအုပ်စာရေး စန်းနိုင်တို့သည် ရေနံချောင်းမြို့သို့ သွားရောက်ပြီး စစ်မှုထမ်းလူဦးရေစာရင်း ပေးပို့ကာ နှစ်ဦးသား ဆိုင်ကယ်ဖြင့် ပြန်လာစဉ် လမ်းပိုင်းတနေရာအရောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာ ပင်သေဆုံးသွားကြောင်း သိရသည်။

“လက်နက်ပစ္စည်းတွေတော့ မပါဘူး၊ စစ်သားစုဆောင်းရေး ဆင့်ခေါ်စာတွေပါတယ်၊ ဘယ်အိမ်က မောင်ဘယ်သူ၊ မဘယ်သူဆိုပြီး အဲလိုဆင့်ခေါ်စာတွေပါတယ်၊ ဆင့်ခေါ်စာနဲ့အတူ မလုပ်မနေရ ဆိုပြီး စမတ်ကတ်တွေပါတယ်၊ အဲဒါတွေ သိမ်းဆည်းရမိတယ်၊ မြို့နယ်ထွေအုပ်ရုံးကို စစ်မှု ထမ်းစာရင်း သွားပြီး ပြန်လာတဲ့ အချိန်မှာရှင်းလိုက်တာပေါ့၊” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန် ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

သေဆုံးသူ အုတ်ရှစ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်ဝင်းနိုင်နှင့် ထွေအုပ်စာရေး စန်းနိုင်တို့ သည် ကျေးရွာ အုပ်စုအတွင်းနေ လူငယ်များကို မတရားစစ်မှုထမ်းစေရန် အတင်းအဓမ္မလိုက်လံလူ စုနေသည့်အပြင် ငွေညှစ်တောင်းခံနေသူများဖြစ်သဖြင့် သုတ်သင်ရှင်းလိုက်ရခြင်းဖြစ်ကြောင်း၊ အ ကြမ်း ဖက်စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူး၊ စာရေး၊ ထောက်တိုင်များကို လုံးဝသက်ညှာ မည်ဟုတ်ကြောင်း အသိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article