25 C
Yangon

မတ္တရာမြို့နယ်တွင် စစ်မှုထမ်းရန် မတရား ခြိမ်းခြောက် ဖိအားပေး သူများကို ထိရောက်စွာ အရေးယူပြီး စစ်မှုထမ်းရန် ဆင့်ခေါ်ခံထားရသူများ ခိုလှုံနိုင်ရေး ကူညီသွားမည်ဟု မတ္တရာ ပကဖ ကြေညာ

Must read

မတ္တရာမြို့နယ်တွင် စစ်မှုထမ်းရန် မတရား ခြိမ်းခြောက် ဖိအားပေး သူများကို ထိရောက်စွာ အရေးယူပြီး စစ်မှုထမ်းရန် ဆင့်ခေါ်ခံထားရသူများ ခိုလှုံနိုင်ရေး ကူညီသွားမည်ဟု မတ္တရာ ပကဖ ကြေညာ

ရန်ကုန်၊ မတ် ၂၁

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် စစ်မှုထမ်းရန် မတရား ခြိမ်းခြောက် ဖိအားပေး သူများကို ထိရောက်စွာ အရေးယူပြီး စစ်မှုထမ်းရန် ဆင့်ခေါ်ခံထားရသူများ ခိုလှုံနိုင်ရေး ကူညီသွားမည်ဖြစ်ကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ သတင်း တာဝန်ခံ ကိုဘိုတောက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်းရန် ထုတ်ပြန်ပြီးနောက် မတ္တရာမြို့နယ်အတွင်းနေ ပြည်သူများအပေါ် ဖိအားပေးခြိမ်းခြောက် ငွေညှစ်နေသည့် လဝက၊ ထွေအုပ်၊ ရပ်ကျေးရာအိမ်မှူး၊ ဆယ်အိမ် မှူး များနှင့် အကြမ်းဖက်စစ်ကောင်စီ နောက်လိုက်များအပေါ် ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်မှုထမ်းရန် ဖိအားပေးခြိမ်းခြောက်နေသူများ၏ နေရပ်၊ အမည် များအား တော်လှန်ရေး အဖွဲ့များထံသို့ တိတိကျကျ သတင်းပေး တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

အကြမ်းဖက် စစ်ကောင်စီ နောက်လိုက် လဝက၊ ထွေအုပ်၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများသည် နိုင်ငံရေး မတည်ငြိမ်ဖြစ်မှုကို အခွင့်ကောင်းယူပြီး ပြည်သူများအား မတရားခြိမ်းခြောက် စစ်မှုထမ်းရန် ဖိအားပေး ငွေညှစ်ထုတ် အကျိုးစီးပွားရှာနေသည်ကို သိရှိပြီးဖြစ်ကြောင်း၊ တိုင်းပြည်အတွက် အသက် ပေးတိုက်ပွဲဝင်နေရသည့် ရဲဘော်များနှင့် စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက် နေရသူများကို လစ်လျူ ရှု၍ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်နေသည့် လဝက၊ ထွေအုပ်၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် စစ်ကောင်စီနောက်လိုက်များအနေဖြင့် ၎င်းတို့၏ လုပ်ရပ်များကို ရပ်တန်းက ရပ်ကြရန် ပြင်းပြင်းထန် ထန် သတိပေးလိုက်ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ပြည်သူတွေက တစ်ဆင့် ကျွန်တော်တို့ကို တိုင်ကြားထားတာမျိုးတော့မရှိသေးဘူးပေါ့။ အခုလောလောဆယ်တော့ ကျွန်တော်တို့ ရထားတဲ့ သတင်းအရဆိုရင် မြို့ထဲမှာကော မြို့နယ်အတွင်းမှာကော စစ်ကောင်စီက စစ်မှုထမ်းဖို့လုပ်နေတဲ့ ကိစ္စမှာ အရှေ့ဆုံးကနေ လုပ်ဆောင်ပေးနေတဲ့ ဥက္ကဋ္ဌ တွေ အဲ ဥက္ကဋ္ဌ တွေတော့ရှိနေတယ်။ ထပ်ပြီးတော့ ရဲရဲဝံ့ဝံ့ မလုပ်ဖို့အတွက် ကျွန်တော်တို့ဘက်ကနေပြီးတော့ ဒီလိုထုတ်ပြန်ရတာမျိုးဖြစ်တယ်” ဟု မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ သတင်း တာဝန်ခံ ကိုဘိုတောက်က ပြောဆိုသည်။

မတ္တရာမြို့နယ်အတွင်း တပ်သားသစ်စုဆောင်းမှုကို မိမိတို့ သဘောဆန္ဒ အလျောက်ဖြစ်စေ စစ်ကောင်စီမှ ဖိအားပေး ခြိမ်းခြောက် ခိုင်းစေ၍ ဖြစ်စေ လုံးဝ(လုံးဝ) မပြုလုပ်ကြဘဲ ပြည်သူနှင့် ပူးပေါင်းကြရန် ၊ ပြည်သူများအနေဖြင့်လည်း စစ်မှုထမ်းရန် ဆင့်ခေါ်စာ ရောက်ရှိလာပါက တော်လှန်ရေး အဖွဲ့အစည်းများထံ ချိတ်ဆက်ဆောင်ရွက်၍ ခိုလှုံခွင့် အကူအညီများ တောင်းခံကြရန် အသိပေးထား သည်။

ပြည်သူလူထု သဘောဆန္ဒမပါဘဲ အတင်း အဓမ္မ တပ်သားသစ် စုဆောင်းနေသည့် စစ်ကောင်စီ လက်အောက်ခံ မည်သည့် အဖွဲ့အစည်းမဆို၊ မည်သည့် လူပုဂ္ဂိုလ် မဆို ထိရောက်စွာ အပြစ်ပေး အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် သတိပေးအပ်ပါသည်ဟု မတ္တရာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article